DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာတံတားအဆင်းတွင် ဗုံးပေါက်
DVB
·
October 18, 2022
ရွှေပြည်သာတံတားအဆင်းတွင် ဗုံးပေါက်
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်  ရွှေပြည်သာတံတားအဆင်းမှာ ဒီကနေ့ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်တွေ ပိတ်ဆို့ရှာဖွေစစ်ဆေးနေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ် အလယ်ကျေးရွာ၊ ခရေပင်လမ်း၊ ရွှေပြည်သာတံတားအဆင်းမှာ ဒီကနေ့ မနက် ၈ နာရီခွဲက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူတွေထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ အတိအကျမသိရသေးပါဘူး။

ဗုံးပေါက်ကွဲတဲ့နေရာကို ဖြတ်သွားခဲ့တဲ့ ယာဥ်မောင်းတဦးက “တံတားအဆင်းမှာ ဗုံးပေါက်တာဖြစ်မယ်။ လှိုင်သာယာဘက်အခြမ်း ကားတွေကို အလယ်ရွာ တံတား မရောက်ခင် ပြန်လှည့်ခိုင်းတာ။ ဒဏ်ရာရတဲ့သူ ရှိတယ်နဲ့တူတယ်။ ကြိုးတံတားပေါ် ပေးမမောင်းဘူး။”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ကားတွေကို ပိတ်ဆို့စစ်ဆေးနေချိန်မှာ ဗုံးတလုံးထပ်ပေါက်ပြီး ကားတွေကို ကြိုးတံတားပေါ်က ဖြတ်သန်းခွင့်မပေးဘူးလို့ အလယ်ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်နေရင်းနဲ့ပဲ ဗုံးတွေ့လို့ စစ်တပ်က ဖောက်ခွဲဖြစ်လိုက်တာလားတော့ မသိဘူး။ ကြိုးတံတားပေါ်မှာ ကားတာယာကွင်းတွေ တွေ့တယ်။ ဗုံးပေါက်တာကတော့ ရပ်ထားတဲ့ကားပါ တုန်သွားတယ်။”

ဗုံးပေါက်ကွဲပြီးနောက် နာရီဝက်လောက်အကြာမှာ စစ်ကောင်စီတပ်တွေက ရွှေပြည်သာတံတားပေါ်မှ ကားတွေနဲ့ဆိုင်ကယ်တွေကို ဖြတ်သန်းသွားလာခွင့်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အောက်တိုဘာ ၁ ရက်မှ ၁၈ ရက်အတွင်း ပစ်ခတ်မှုနဲ့ဗုံးပေါက်မှု ၂၄ ကြိမ်ဖြစ်ခဲ့ပြီး ၃ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013