
စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ် ကော်တာကျေးရွာက နေအိမ်တွေကို အောက်တိုဘာ ၁၆ ရက်မနက် ၁၁ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ကျေးရွာ နေအိမ် ၂၁ လုံး မီးလောင်သွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ ကော်တာကျေးရွာဘက်ကိုလာစဥ် လမ်းခုလပ်တနေရာမှာ KIA-PDF ပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိပေမယ့် နှစ်ဘက်ထိခိုက်မှုအခြေအနေကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဗန်းမောက်မြို့နယ်မှေ စစ်ကောင်စီတပ်နဲ့ KIA-PDF ပူးပေါင်းအဖွဲ့တို့ဟာ စစ်ရေးတင်းမာနေသလို စစ်ကောင်စီတပ်ဖွဲ့တွေကလည်း အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေကိုမီးရှို့တာ၊ ဒေသခံတွေကို သတ်ဖြတ်တာနဲ့ ပြည်သူတွေရဲ့ပစ္စည်းတွေကို အဓမ္မယူဆောင်တာတွေ မကြာခဏပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။