Home
မြန်မာသတင်း
ခန္တီးအကျဉ်းထောင်ဖောက်ပြီး နိုင်ငံရေးအကျဉ်သားအချို့ ထွက်ပြေးလွတ်မြောက်
DVB
·
October 18, 2022
311413883_3221903688124532_2853427446400135711_n

စစ်ကိုင်တိုင်း ခန္တီးမြို့ အကျဉ်းထောင်မှာ အောက်တိုဘာ ၁၈ ရက်နေ့မနက်က ထောင်ဖောက်ပြီး နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီမနက် ၃ နာရီမှာ ခန္တီးမြို့နဲ့ ၃ မိုင်အကွာမှာရှိတဲ့ အကျဉ်းထောင်ဖောက်ခံရတယ်။ မနက် ၃ နာရီလောက်ဖြစ်မယ်။ ကျနော်တို့ သိတာ မနက် ၅ နာရီလောက်မှာ ခန္တီးထောင်ဖောက်ခံရတယ်လို့ သိရတယ်၊ ၁၀ ဦးလောက်ရှိမယ် ထွက်ပြေးတယ်” လို့ ခန္တီးဒေသခံတဦးက ပြောပါတယ်။ 

ထောင်ဖောက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ခန္တီးမြို့တွင်း စစ်ကား ၁၀ စီးနဲ့ လက်ဖက်ရည်ဆိုင်တွေကအစ ပိတ်ဆို့ရှာဖွေနေပြီး ကုန်းလမ်း၊  ရေလမ်း ပိတ်ထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ခန္တီးအကျဉ်းထောင်ဖောက်ခံရပြီး ဘယ်သူတွေ လွတ်မြောက်သွားတယ်ဆိုတာ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024