DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦး ပစ်သတ်ခံရ၊ ၁ ဦးဒဏ်ရာရ
DVB
·
October 18, 2022
ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦး ပစ်သတ်ခံရ၊ ၁ ဦးဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အောက်တိုဘာ ၁၇ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင်  နှစ်ယောက် ပစ်သတ်ခံရပြီး တယောက်ဒဏ်ရာရသွားပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး မန္တလေးဘက်အထွက်ရှိ ထမင်းဆိုင်မှာ မနေ့ နေ့လယ်က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ထမင်းစားနေစဉ် သေနတ်နဲ့ အပစ်ခံရတာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးဦးနဲ့ ကိုဇော်လွင်တို့ နေရာတင်သေဆုံးကာ ထွေအုပ်စာရေးတယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"ဦးကျော်မိုးဦးဟာ ဒုရဲမှူးအဆင့်နဲ့ ရဲအသွင်ပြောင်းပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာတာလို့ သိရတယ်။ လမ်းဘေးထမင်းဆိုင်မှာ ထမင်းစားနေတုန်း သေနတ်နဲ့ အပစ်ခံရတာ နှစ်ဦးသေပြီး တစ်ဦးဒဏ်ရာရတယ်တဲ့ အလောင်းတွေကိုတော့ လူမှုကူညီရေးကားတွေနဲ့ သယ်သွားတာ တွေ့ရတယ်။ ဒဏ်ရာရသူကိုတော့ ဆေးရုံပို့လိုက်တာ သိရတယ်" လို့ ပြောပါတယ်။

ပြည်သူ့ လစာစားပြီး ပြည်သူတွေ နှိပ်စက်ရင် ပြည်သူကျိန်စာသင့်ရမယ်၊ ပြည်သူတွေရဲ့ တာဝန်ပေးချက်အရ စကစ ဘက်တော်သား မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းပါတယောက်ကို ပစ်သတ်လိုက်တယ်လို့ ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။

အခုလို မန္တလေးတိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးတယောက် ပစ်သတ်ခံရတယ်ဆိုတာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013