Home
မြန်မာသတင်း
မင်းပြားမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို အေအေက မိုင်းဆွဲတိုက်ခိုက်
DVB
·
October 17, 2022
AA
311762520_198052576014500_8250014583442084547_n

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း စစ်ကောင်စီ စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (အေအေ)ကမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ များပြားနိုင်တယ်လို့ အေအေနဲ့  နီးစပ်သူတွေဆီကနေ သိရပါတယ်။

မင်းပြားမြို့နယ် တောင်မော်ဦးနဲ့ ကြပ်စင်တံတားကြားမှာ စစ်ကောင်စီစစ်ကြောင်းကို ဒီနေ့ မနက် ၁၁ နာရီလောက်မှာ အေအေက မိုင်း ၄ လုံးဆွဲပြီး တိုက်ခိုက်ခဲ့လို့ မိနစ်အနည်းငယ် အပြန်လှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီ စစ်(...) တွေ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးတဲ့နောက် မနက် ၁၁ နာရီ ၄၅ မိနစ်လောက်က စလို့ မင်းပြား အခြေစိုက် ခမရ ၅၄၁ နဲ့ ခမရ ၃၇၉ တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်လို့ ကျေးရွာတွေကို ကျရောက်ပြီး ပြည်သူတချို့ဒဏ်ရာရရှိထားတယ်လို့ သိရပေမဲ့ အရေအတွက်ကိုတော့ အတိကျမသိရသေးဘူး။”

မင်းပြားမြို့နယ် ကြပ်စင်တံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အောင်တိုဘာ ၇ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်မှာ ရက္ခိုင့်တပ်တော် အေအေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၈ ယောက် သေဆုံးပြီး ဒဏ်ရာရသူတချို့ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024