DVB Logo
Home
မြန်မာသတင်း
ထီးလင်းမြို့နယ်၌ စစ်ကြောင်းထိုးလာသဖြင့် ရွာသား ၃၀၀၀ ကျော်ထွက်ပြေး၊ ယင်းမာပင်မြို့နယ်၌ စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ
DVB
·
October 17, 2022
ထီးလင်းမြို့နယ်၌ စစ်ကြောင်းထိုးလာသဖြင့် ရွာသား ၃၀၀၀ ကျော်ထွက်ပြေး၊ ယင်းမာပင်မြို့နယ်၌ စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ကျေးရွာတွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး နယ်မြေရှင်းလင်း‌ရေးအ‌‌ကြောင်းပြကာ ထိုးစစ်ဆင်နေတာကြောင့် ရွာသူရွာသားတွေ ထောင်နဲ့ချီ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့ ခလရ ၅၀ က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ထီးလင်းနယ်က အနောက်ဘက်ကျေးရွာကို ရောက်ရှိနေပြီး ထန်းပင်ကုန်းကျေးရွာ၊ ထလင်းကျေးရွာနဲ့ တောယောင်း ကျေးရွာတွေက ဒေသခံ ၃၀၀၀‌ ကျော်ဟာ ဘေးလွတ်ရာ တောတောင်ဒေသတွေကို ထွက်ပြေး နေကြရတာဖြစ်ပါတယ်။

ဒေသခံတဦးက "သူတို့က အမြဲစစ်ကြောင်းထိုးနေတာ။ အနောက်ဘက်ရွာကို ဒီလတလတည်း စစ်ကြောင်းထိုးတာ ၄ ကြိမ် ရှိပြီ။ နေအိမ်တွေလည်း မီးရှို့ ခံထားကြရတာ။ လက်ရှိမှာလည်း ပြေးနေ ကြရတယ်။ နေထိုင်စားသောက်ဖို့ အခက်တွေ့နေတယ်။ စားနပ်ရိက္ခာကတော့ လိုအပ်တယ်။"လို့ ပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ကူညီပေးကြဖို့ ‌YDF တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း အောက်တိုဘာ ၁၅ ရက်ညပိုင်း ၇ လောက်က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတချို့ ဒဏ်ရာရရှိခဲ့သလို အိမ်မွေးတိရစ္ဆာန်တချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မြို့ပေါ်ကျေးရွာသား ကိုဝင်းနိုင်ဟာ လက်ဖျံမှာ ဒဏ်ရာရသွားသလို  မပေါပေါကတော့  တင်ပါး၊ ပေါင်၊ ဖနောင့်တို့ ထိမှန်ဒဏ်ရာရသွားခဲ့တာပါ။

ဒါ့အပြင်  အိမ်မွေးနွား ၅ ကောင်ဟာလည်း လက်နက်ကြီးစ ထိမှန်ခံခဲ့ရပြီး နွား ၂ ကောင်ကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးစ ထိမှန်ခံခဲ့ရသူ ၂ ဦးကို ညတွင်းချင်းဆေးကုသမှုပေးနိုင်ခဲ့ပေမယ့် အိမ်မွေးနွား ၅ ကောင်ကတော့ နားလည်တတ်ကျွမ်းတဲ့ တိ/မွေးကု ဆရာဝန်ရှာပြီး ကုသမှုပေးနိုင်ဖို့လုပ်ဆောင်နေတယ်လို့ ပရဟိတဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ တခြားကျေးရွာတွေဘက်တွေကိုလည်း အချိန်အတော်ကြာအောင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013