DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း ကသာမြို့၌ NUG ၏ မြို့နယ်တရားရုံး ပထမဆုံး ဖွင့်လှစ်
DVB
·
October 17, 2022
စစ်ကိုင်းတိုင်း ကသာမြို့၌  NUG ၏  မြို့နယ်တရားရုံး ပထမဆုံး ဖွင့်လှစ်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပထမဆုံး မြို့နယ်တရားရုံးကို စစ်ကိုင်းတိုင်း ကသာမြို့မှာ အောက်တိုဘာ ၁၅ ရက်က ဖွင့်လှစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။

ပခဖအဖွဲ့ဝင် တဦးက “သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက သူတို့ရှင်းလို့ မရလို့ တက်လာတဲ့ဟာမျိုးတွေမှ မြို့နယ်တရားရုံးက တရားစီရင်ရေး  ဆောင်ရွက်တာပါ။ နံပါတ်တစ်ကတော့ ရပ်/ကျေး အုပ်ချုပ်ရေးတွေကို စီရင်စေတာ။ သူတို့ မပြေလည်ဘူးဆိုမှ တရားရုံးမှာဆက်လုပ်တာ”ဟု ပြောပါတယ်။

အခုတရားရုံးအနေနဲ့ အောက်ခြေမှာ ရှင်းလို့မရတဲ့  ရာဇဝတ်မှုနဲ့ တရားမမှုတွေကို စီရင်မှာဖြစ်ပြီး ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူတာနဲ့ပတ်သက်လို့တော့ မသိနိုင်သေးဘူးလို့ သူက ပြောပါတယ်။ 

“အဓိကကတော့ စစ်ရှောင်နဲ့ ပကဖ အချင်းချင်းကြားက ပြသနာတွေပဲ ဖြေရှင်းနိုင်မယ်”လို့ ဆိုပြီး ရုံးတည်နေရာ နဲ့ ပတ်သက်လို့တော့  ထည့်သွင်းပြောကြားတာ မရှိပါဘူး။

မေ ၁၉ ရက်ထဲက စစ်ကိုင်းတိုင်းက ကသာမြို့နယ်၊ ကောလင်းမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ကျွန်းလှမြို့နယ်၊ အင်းတော်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကနီမြို့နယ်၊ ဝက်လက်မြို့နယ်၊ အရာတော်မြို့နယ်၊ မြင်းမူမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ခင်ဦးမြို့နယ်၊ တမူးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ NUG အစိုးရရဲ့ မြို့နယ်တရားသူကြီးအဖွဲ့တွေ ခန့်အပ်ခဲ့ပြီး စက်ရှင်တရားစီရင်ရေး အာဏာအပ်နှင်းကြောင်း NUG ယာယီသမ္မတ ဒူဝါလရှိလ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013