DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်က ဖမ်းဆီးခံရသူ ၂၀ ကျော်ထဲမှ ၁၁ ဦး ပြန်လွတ်
DVB
·
October 16, 2022
ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်က ဖမ်းဆီးခံရသူ ၂၀ ကျော်ထဲမှ ၁၁ ဦး ပြန်လွတ်
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်က စစ်ကောင်စီ ဖမ်းသွားတဲ့ ဒေသခံ ၂၀ ထဲက ၁၁ ယောက်ကျော် အောက်တိုဘာလထဲမှာ ပြန်လွတ်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရပ်ကွက်က အသက်မပြည့်‌သေးတဲ့ ကလေးငယ် ၂ ဦး အပါအဝင်ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၇ ရက်မှာ ဖမ်းဆီးခဲ့ပြီး PDF နဲ့ ပတ်သက်မှုရှိမရှိ ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၆ ရက်က ၂ ဦး၊‌ အောက်တိုဘာ ၉ ရက်က ၃ ဦး၊ အောက်တိုဘာ ၁၁ ရက်က ၃ ဦးနဲ့ အောက်တိုဘာ ၁၄ ရက်က ၃ ဦး အသီးသီးပြန်လွတ်မြောက်လာခဲ့ပြီး အဲဒီထဲမှာ အသက်မပြည့်‌သေးတဲ့ ကလေးငယ် ၂ ဦးနဲ့ နို့တိုက်မိခင်ပါ ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ထဲ ဖမ်းဆီးခေါ်ဆောင်သွားကာ မိသားစုဝင်တွေက ထမင်းပို့ရပြီး တွေ့ဆုံခွင့်မပေးဘူးလို့ သိရပါ ပြောပါတယ်။

ရိုက်နှက်ခံဒဏ်ရာတွေနဲ့ ပြန်လွတ်လာသူတဦးက "ကျနော်တို့ကို ဖမ်းသွားတုန်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ထဲကို ခေါ်သွားတယ်။ အဲဒီကိုရောက်တော့ တယောက်ချင်းစီ ခေါင်းကနေ လည်ပင်းအထိ မျက်နှာကို အဝတ်အမည်းနဲ့ စွပ်တယ်။ ပြီးရင်မေးတယ်။ PDF တွေနဲ့သိလား၊ ထောက်ပံ့လားဆိုပြီးတော့၊ မသိဘူး၊ မထောက်ပံ့ဘူးဖြေတော့ရိုက်တယ်။ စစ်‌ကြောရေးမှာ အရိုက်မခံခဲ့ရတဲ့ရက် တရက်မှမရှိဘူး" လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ဦးအေးပို၊ နို့တိုက်မိခင်နဲ့ ကလေး၂ယောက်အပါအဝင် ဒေသခံ ၁၁ ယောက် ပြန်လွတ်ခဲ့ပြီး  ဦးထိုက်ကြီး၊ ချမ်းမြေ့အောင်အပါအဝင် ဒေသခံ ၁၀ ယောက်လောက်သာ  ကလေးမြို့မရဲစခန်းမှာ ဆက်ပြီး ချုပ်နှောင်ခံထားရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လွတ်မြောက်လာတဲ့ အမျိုးသမီးတဦးက "ကျမတို့ကိုထမင်းလည်း မကျွေးဘူး။ စစ်ကြောရေးမှာရော အချုပ်ထောင်မှာရောပဲ။ အိမ်ကလာပို့ကြရတာ။ မိသားစုလိုက် အဖမ်းခံရတဲ့သူတွေဆို ထမင်းပို့လာတဲ့သူမရှိလို့ ဝေစားကြရတယ်။ နို့တိုက်မိခင်ဆိုရင် သူကိုယ်တိုင် အစာမစားရတော့ ကလေးငယ်ကိုတောင် နို့မတိုက်နိုင်ခဲ့ဘူး" လို့ ပြောပါတယ်။

အခုရပ်ကွက်ဟာ ဒလန်များပြီး PDF ထဲဝင်တဲ့သူတွေရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံရတာတွေ ရှိတယ်လို့  မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ လင်မယား ၂ ယောက် အိမ်မှာ အသတ်ခံရပြီး ဘုရားပေါ်မှာ အမျိုးသမီ ၁ ယောက် ပစ်သတ်ခံခဲ့ရသလို လက်ဖက်ရည်ဆိုင်မှာ လင်မယား ၂ ယောက်နဲ့ ဘုရင့်နောင်လမ်းပေါ်မှာ အမျိုးသမီး ၁ ယောက် အသတ်ခံခဲ့ရကြောင်း၊ သူတို့ဟာ အဲဒီ ရပ်ကွက်နေသူတွေဖြစ်ကာ နေရာတခုစီမှာ ဒလန်အဖြစ် ရှင်းလင်းခံခဲ့ရတာလို့ ဒေသခံကက စုံစမ်းသိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၆၀၀‌ ဝန်းကျင် ရှိ‌ပြီဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀‌ ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013