DVB Logo
Home
မြန်မာသတင်း
နမ်းမားရဲစခန်းက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး ဒဏ်ရာရ
DVB
·
October 16, 2022
နမ်းမားရဲစခန်းက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်‌နယ်  နန်းမားမြို့မရဲစခန်းကနေ  အောက်တိုဘာ ၁၅ ရက်ညက  သေနတ်နဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။  

မြို့မရန်အောင်ရပ်ကွက်မှာရှိတဲ့ ရဲစခန်းကနေ သေနတ်နဲ့  ပစ်ခတ်ခဲ့တာကြောင့် ရဲစခန်းအနီး နေအိမ်က ဒေါ်မေဘယ်လ်ဝင်း  ဦးခေါင်းမှာ ကျည်ထိမှန်ခဲ့တာလို့ ဒေသခံတဦးက             ပြောပါတယ်။

"ည ၈ နာရီလောက်က လူငယ်အုပ်စု ဆိုင်ကယ်နဲ့ ဖြတ်သွားတာကို  သေနတ်နဲ့ လှမ်းပစ်တာ။ အဲဒါကို သူ့အိမ်ထဲမှာနေတဲ့ ဒေါ်မေဘယ်လ်ဝင်း  ဦးခေါင်း ကျည်လာ မှန်တယ်။  ဦးခေါင်းဖြစ်တဲ့အတွက် နည်းနည်းတော့ စိုးရိမ်ရတယ်။"   

ဒေါ်မေဘယ်လ်ဝင်းဟာ ကလေး သုံးယောက်ရဲ့ မိခင်ဖြစ်ပြီး ကျည်မှန်ဒဏ်ရာကို  မိုးညှင်းဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။     

စက်တင်ဘာ ၂၉ ရက်ကလည်း နန်းမားမြို့နယ်မှာ  PDF ကို ထောက်ပံ့တယ် စွပ်စွဲချက်နဲ့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့  ဒေသခံပြည်သူတွေရဲ့  နေအိမ် နှစ်လုံးကို ဘူဒိုဇာနဲ့ ဖြိုချ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013