DVB Logo
Home
မြန်မာသတင်း
မီဇိုရမ်တွင် မြန်မာဘက်မှခိုးသွင်းသည်ဟုယူဆရသည့် တိရစ္ဆာန်အကောင် ၁၄၀ ဖမ်းမိ
DVB
·
October 16, 2022
မီဇိုရမ်တွင် မြန်မာဘက်မှခိုးသွင်းသည်ဟုယူဆရသည့် တိရစ္ဆာန်အကောင် ၁၄၀ ဖမ်းမိ
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့မှာ မြန်မာနိုင်ငံဘက်မှ ခိုးသွင်းလာတယ်လို့ ယူဆရတဲ့ တိရစ္ဆာန်အမျိုးမျိုး အကောင် ၁၄၀ ကို မီဇိုရမ်ပြည်နယ်ဒေသတွင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၁၅ ရက်မနက် ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကျန်ဖိုင်းမြို့မှာနေထိုင်ကြတဲ့ ဒေသခံအမျိုးသား ၃ ဦးစီးလာတဲ့ ကား ၃ စီးအား ကျန်ဖိုင်းခရိုင်ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ရာမှ အဲ့ဒီတိရစ္ဆာန်တွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

လိပ်၊ မျောက်၊ စပါးအုံးမြွေ၊ မိချောင်းသားပေါက်၊ သားပိုက်ကောင် စတဲ့ တိရစ္ဆာန် အကောင် ၁၄၀  ဖမ်းဆီးမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီဖမ်းဆီးရမိတဲ့ တိရစ္ဆာန်နှင့် ငှက်တွေရဲ့ တန်ဖိုးဟာ ရူပီးငွေသိန်း ၁၃၀ ကျော်ရှိတယ်လို့လည်း ရေးသားထားပါတယ်။

မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေ အရှိန်အဟုန်ဆောင်ရွက်နေပြီး နေ့စဉ် နဲ့အမျှ နေရာအနှံ့အပြားမှာ မူးယစ်ဆေးဝါးဖမ်းဆီးမှုမြင့်တက်လာပြီး ဖမ်းဆီခံရတဲ့အထဲ မြန်မာနိုင်ငံသားအများစု ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့‌ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို တိမ်းရှောင်ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသား လေးသောင်းကျော် ရှိတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013