DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်ရှိ ဖောထီးခု BGF စခန်းကို ကေအန်ယူ သိမ်းပိုက်မီးရှို့
DVB
·
October 16, 2022
ဖာပွန်ခရိုင်ရှိ ဖောထီးခု BGF စခန်းကို ကေအန်ယူ သိမ်းပိုက်မီးရှို့
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ BGF စခန်းတခုဖြစ်တဲ့ ဖောထီးခုစခန်းကို ကေအန်ယူ တပ်မဟာ ၅ လက်အောက်ခံတပ်တွေက သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူး ကလယ်ဒိုက ဒီဗွီဘီကို ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက် မနက်  ၅ နာရီမှာ ဘူးသိုမြို့နယ်၊ မယ်ပရိကျေးရွာအုပ်စုထဲက  ဖောထီးခု BGF စခန်းကို KNLA တပ်ဖွဲ့ဝင်တွေက တက်ရောက်သိမ်းပိုက်ရာမှာ စခန်းမှာ တပ်သားမရှိတဲ့အတွက် စခန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဗိုလ်မှူးကလယ်ဒိုက ပြောပါတယ်။

“BGF တပ်ဖွဲ့ဝင်တွေက သူတို့စခန်းမှာ သူတို့မအိပ်ဘဲ တခြားနေရာတွေမှာ လိုက်အိပ်တယ်။ အဲတော့ သူတို့စခန်းကို တက်သိမ်းချိန် ဘယ်သူမှမရှိဘူး။ ဒါကြောင့် တိုက်ပွဲဖြစ်ပွားတာမရှိဘဲ။ စခန်းကို သိမ်းပိုက်ပြီးတော့ မီးရှို့ဖျက်ဆီးလိုက်ကြတယ်။”

အလားတူ အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီလောက်က သံလွင်မြစ်ဘေးနားက မဲခေါင်ချောင်းမှာ စစ်ကောင်စီလေယာဉ်က ပစ်ခတ်ခဲ့တဲ့အတွက် ရဲဘော် တယောက် ဒဏ်ရာရသွားပြီး အဆောက်အဦးတချို့ ထိခိုက်သွားတယ်လို့ ဗိုလ်မှူး ကလယ်ဒိုက ပြောပါတယ်။

“လေယာဉ်က သံလွန်မြစ်ကမ်းနားက မဲခေါင်ချောင်းမှာ သွားပစ်တာပေါ့။ သွားပစ်တော့ အဆောက်အဦးလေးတွေတော့ ထိခိုက် ပျက်စီးတာတွေရှိတာပေါ့နော်။ သိပ်အကြီးကျယ်တော့မဟုတ်ဘူး။ ဒါပေမဲ့ သူတို့အဲလိုသွားပစ်တော့ ဒီဘက်က ရဲဘော် တယောက် ထိခိုက်ဒဏ်ရာရရှိမှုရှိတာပေါ့၊ ဒါပေမဲ့ အပြင်းအထန်တော့မဟုတ်ဘူးပေါ့နော်။”

အောက်တိုဘာ ၁၂ ရက်တုန်းကလည်း  စစ်ကောင်စီတပ်တွေက ကတိုင်တိကျေးရွာကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပိုကာကျေးရွာမှာကျရောက်ပေါက်ကွဲပြီး အသက် ၁၇ နှစ်အရွယ်အမျိုးသမီတယောက် ထိမှန်ခဲ့သလို အသက် ၉ နှစ် ယောကျ်ားလေးတယောက်လည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းလည်းပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၁ ရက်တုန်းက   ကတိုင်တိ ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ကေအန်ယူ တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်တပီတပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။ ဒါအပြင် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းပိုက်ရရှိခဲ့ကြောင်းလည်း  ပြောပါတယ်။

ကေအန်ယူ မူတြော်(ဖာပွန်) ခရိုင်အတွင်းမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားနေသလို ဒေသခံသောင်းချီလည်း စစ်ဘေးရှောင်နေရကာ စစ်ကောင်စီဘက်လည်း နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေအပြင် လေယာဉ်တွေနဲ့ပါ ပစ်ခတ်နေကြောင်းလည်း အန်ယူမူတြော်သတင်းမှာ ဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013