DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ဟောင်းအပါအဝင် စစ်ကိုင်းတိုင်းရှိ နေရာ ၃၀ ကို ကြားကာလအမွေအနှစ်များ စာရင်း အဖြစ် NUG ကြေညာ
DVB
·
October 15, 2022
ကလေးမြို့ဟောင်းအပါအဝင် စစ်ကိုင်းတိုင်းရှိ နေရာ ၃၀ ကို ကြားကာလအမွေအနှစ်များ စာရင်း အဖြစ် NUG ကြေညာ
Donate to DVB

ကလေးမြို့ဟောင်းနေရာအပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ နေရာနှင့်အဆောက်အဦ ၃၀ ကို ကြားကာလအမွေအနှစ်များအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က အောက်တိုဘာ ၁၄ ရက်က ထုတ်ပြန်ပါတယ်။ 

ကလေးမြို့ဟောင်းကို ယဉ်ကျေးမှုအမွေအနှစ် (Cultural Heritage - CH) အဖြစ်သတ်မှတ်ထားပြီး နည်းပညာအသုံးပြု စစ်ဆေးမှုမပြုရသေးပေမဲ့ ကလေးမြို့ဟာ သက်တမ်း ၁၀၀၀ လောက်ရှိပြီလို့ သုံးသပ်နိုင်ကြောင်း၊ အခုထိ အုတ်မြို့ရိုး၊ ကျုံးများ အခိုင်အမာ ကျန်နေသေးတယ်လို့လို့ ဖော်ပြထားပါတယ်။

အဆိုပါထုတ်ပြန်ချက်မှာ ပါဝင်တဲ့ အမွေအနှစ်နေရာနဲ့ အဆောက်အဦတို့မှာ ကုန်း၊ ရေ၊ လေကြောင်း စစ်ရေးပြုလုပ်ဖို့ စခန်းနေရာချထားတာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ မီးတင်ရှို့တာ၊ ဖျက်ဆီးတာ၊ ခိုးယူတာ၊ ရောင်းချ၊ ကုန်သွယ်တာ၊ ပြုပြင်တာ၊ ပြင်ဆင်မွမ်းမံတာ၊ ပုံစံပြောင်းတာနဲ့ မူလအနေအထား ပျက်စီးစေဖို့ ကြံဆောင်တာတွေကို လုံးဝ(လုံးဝ) မပြုဖို့ တားမြစ်ထားပါတယ်။

အဲဒီ တားမြစ်ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးဥပဒေ၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေတို့အပြင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတို့နဲ့အညီ အရေးယူ ဆောင်ရွက် သွားမှာဖြစ်ပြီး တားမြစ်ချက်တွေဟာ ဒေသခံပြည်သူတွေ မိရိုးဖလာ လုပ်ကိုင်လာတဲ့ ဥပဒေနဲ့ ညီ ညွတ်သောအသက်မွေးမှုလုပ်ငန်းတွေ၊ လက်ရှိ တည်ရှိနေမှုတွေအပေါ် မသက်ရောက်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အမွေအနှစ်စာရင်းမှာ ကလေးခရိုင်ရှိ ကလေးနဲ့ မင်းကင်းမြို့နယ်တို့ပါဝင်ပြီး မင်းကင်း မြို့နယ်မှ ကံရွာရုပ်စုံကျောင်း(ရွှေစကားဘုရား)လည်းပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013