DVB Logo
Home
မြန်မာသတင်း
ဒလမြို့နယ် နာရီစင်အနီး ဗုံးပေါက်၊ ထိခိုက်ဒဏ်ရာရသူများရှိ
DVB
·
October 14, 2022
ဒလမြို့နယ် နာရီစင်အနီး ဗုံးပေါက်၊ ထိခိုက်ဒဏ်ရာရသူများရှိ
Donate to DVB

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက် ဒလ-တွံတေးကားလမ်းပေါ်ရှိ နာရီစင်အနီးမှာ အောက်တိုဘာ ၁၄ ရက် ဒီမနက် ၁၀ နာရီခွဲက ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“ကျနော်တွေ့တာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရထားတာတွေ့တယ်။ စစ်သားတွေလည်း ရောက်နေတယ်။ ဒဏ်ရာကတော့ သိပ်မများဘူး။ တခြား ဘယ်သူတွေ ဒဏ်ရာရလည်း မသိဘူး။”

စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ပညာရေးမှူးရုံးအနီး ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရရှိနိုင်တယ်လို့ မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ပုံမှန်ဆို နာရီစင်နားနဲ့ စီးပွားရေးဘဏ်တို့၊ ပညာရေးမှူးရုံးနားမှာ ဒီကောင်တွေ အမြဲရှိနေတော့ ဒီကောင်တွေလည်း ထိနိုင်တယ်။”

လတ်တလောမှာ စစ်ကောင်စီတပ်ဟာ နာရီစင်နဲ့ အနီးတဝိုက်မှာ ဗုံးထပ်မံရှိမရှိ ရှာဖွေနေပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အောက်တိုဘာ ၁ ရက်မှ ၁၃ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်မှု ၁၈ ကြိမ်ဖြစ်ခဲ့ပြီး ၃ ယောက်သေဆုံးကာ ၁၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013