DVB Logo
Home
မြန်မာသတင်း
စစ်တွေက ပြည်သူ ၂ ဦးကို ULA အဖွဲ့ဝင်ဟုစွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
October 14, 2022
စစ်တွေက ပြည်သူ ၂ ဦးကို ULA အဖွဲ့ဝင်ဟုစွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက် ညပိုင်းက ဒေသခံပြည်သူ ၂ ယောက်ကို ULA အဖွဲ့ဝင်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသာယာရွာ ဒေသခံတယောက်က “စစ်တွေမြို့နယ် ရွာသာယာကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၁၃ ရက် ည ၁၂ နာရီကျော်လောက်က စစ်ကောင်စီတပ်အင်အား ၃၀ လောက် ကားတွေနဲ့ ရောက်လာပြီး ကိုမောင်သန်းဌေးနဲ့ ယောက်ဖတော်စပ်သူ ကိုထွန်းလှိုင်ကျော်တို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သူတို့ ၂ ယောက်ဟာ ULA အဖွဲ့ဝင် မဟုတ်ဘဲ ရွာမှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်သူတွေဖြစ်ပြီး ရပ်ရေးရွာရေး လူမှုရေးကိစ္စတွေမှာ တက်တက်ကြွကြွ လုပ်ဆောင်ပေးနေတာကြောင့် စွပ်စွဲပြီး ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ကိုယ်တိုင်ခန့်ထားတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ၊ ဝန်ထမ်းတွေကိုလည်း ULA/AA နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးသလို စစ်ဘေးရှောင် ပြည်သူတွေကို ကူညီထောက်ပံ့နေတဲ့ ပရဟိတသမားတွေကိုလည်း စွပ်စွဲပြီး အမှုဖွင့် ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က မြို့အများအပြားမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ၊ ဧည့်စာရင်းစစ်တာ၊ ပရဟိတသမားတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး လက်နက်ကိုင်တပ်ဖွဲ့တွေက ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်တွေကို ကုန်းလမ်း၊ ရေလမ်းတွေ အားလုံး သွားလာမရအောင် ပိတ်ဆို့ကာ ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်လည်း ပိတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013