ကရင်ပါတီသစ်တခု မှတ်ပုံတင်မည်
နော်နိုရင်း
·
May 2, 2014
လူပုဂ်္ဂိုလ် ၁၅ ဦး စုပေါင်းပြီး ကရင်အမျိုးသားပါတီ (KNP) တည်ထောင်ခွင့်အတွက် ဒီမေလကုန်မှာ လျှောက်ထားဖို့ရှိနေပါတယ်။
ကရင်အမျိုးသားပါတီ (KNP)ကို လွန်ခဲ့တဲ့ မတ်လကတည်းက ပါတီထူထောင်ဖို့ လုပ် ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပါတီကော်မီဝင် ၁၅ ဦးကို ရွေးချယ်ထားပါတယ်။
[caption id="attachment_55892" align="alignleft" width="300"] ကရင်အမျိုးသားပါတီ (KNP) နာယက မန်းသိန်းရွှေ[/caption]ဒီပါတီဟာ အဓိကအားဖြင့် ဧရာဝတီတိုင်းဒေသကြီးကို ကိုယ်စားပြုမယ့်ပါတီဖြစ်ပြီး ပါတီထူထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီ ပါတီနာယက မန်းသိန်းရွှေက အခုလို ပြောပါတယ်။
“ရည်ရွယ်ချက်ကတော့ အဓိကတော့ ကရင်အမျိုးသားတွေရဲ့ အသံတွေကို ဖော်ဆောင်ဖို့နဲ့ နောက်တခါ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်တဲ့နေရာမှာ ပါဝင်ဖို့ပေါ့။ အခု ဘယ်သူတွေ ပါဝင်မယ်ဆိုတဲ့ အဆင့်ကို မရောက်သေးဘူး။ ပြီးခဲ့တဲ့ မတ်လ ၂၇ က ၀ါးခယ်မမြို့နယ် ပြည်တောကြီးကျေးရွာမှာ အလံတို့ တံဆိပ်တုံးတို့ အတည်ပြုတယ်။ မေလ နောက်ဆုံးအပတ်မှာ မှတ်ပုံတင် တင်ဖို့အတွက် လျာထားတယ်။”
ကရင်အမျိုးသားပါတီအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အဓိကအားဖြင့် ဧရာဝတီတိုင်းမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတာလို့ပြောပါတယ်။
ဧရာဝတီတိုင်းမှာရှိနေတဲ့ ကရင်လူမျိုးတွေဟာ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကရင်လူမျိုးထက် ၂ ဆများတဲ့အတွက် ကရင်အများစုနေထိုင်နေနေရာကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ မန်းသိန်းရွှေက ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကရင်ပါတီတွေကတော့ ကရင်ပြည် သူ့ပါတီ (KPP)၊ ဖလုံစဝေါဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KSDDP) နဲ့ ပြည်ထောင်စုကရင်အမျိုးသားများ အဖွဲ့ချုပ်တို့ ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။