DVB Logo
Home
နိုင်ငံရေး
ကေအန်ယူ ခေါင်းဆောင်များ ဧရာဝတီတိုင်း ပန်းတနော်မြို့က ပြည်သူလူထုနှင့် တွေ့ဆုံ
DVB
·
May 2, 2014
ကေအန်ယူ ခေါင်းဆောင်များ ဧရာဝတီတိုင်း ပန်းတနော်မြို့က ပြည်သူလူထုနှင့် တွေ့ဆုံ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန် အပါအ၀င် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေဖြစ်တဲ့ ပဒိုစောသမိန်ထွန်း၊ ပဒိုစောလှထွန်းနဲ့ အဖွဲ့ဟာ မေ ၁ ရက်နေ့က ဧရာဝတီတိုင်း ပန်းတနော်မြို့က ပြည်သူလူထုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

10305520_484590214974754_8214301054604144986_nဒီတွေ့ဆုံပွဲမှာ ကရင်ပါတီတွေအပြင် အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေ အပါအ၀င် လူပေါင်း ၁၀၀ ကျော်တက် ရောက်ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ လက်ရှိ ကရင်အမျိုးသားအစည်းအရုံးက လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိက ရှင်းပြပြီး ချပြခဲ့တာ ဖြစ်တယ်လို့ ပန်းတနော်မြို့က မန်းညွန့်သိန်းက ပြောပါတယ်။

ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်ဟာ ဧပြီ ၃၀ ရက်နေ့ကစပြီး မြန်မာပြည်တွင်းရှိ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကရင်လူထုတွေကို တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013