DVB Logo
Home
မြန်မာသတင်း
ပြည်နယ်နှင့်တိုင်း ၇ ခုတွင် မီတာခများ သွားမကောက်ရဲသဖြင့် စစ်ကောင်စီ ဘီလီယံ ကျပ် ၃ဝဝ ခန့် ဆုံးရှုံးနေ
DVB
·
October 13, 2022
ပြည်နယ်နှင့်တိုင်း ၇ ခုတွင် မီတာခများ သွားမကောက်ရဲသဖြင့် စစ်ကောင်စီ ဘီလီယံ ကျပ် ၃ဝဝ ခန့် ဆုံးရှုံးနေ
Donate to DVB

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး ၇ ခုမှာ မီတာခကြွေးကျန်အဖြစ် ငွေကျပ် ဘီလီယံ ၃ဝဝ နီးပါးရရန်ရှိနေပေမဲ့ မီတာခတွေ သွားရောက် ကောက်ခံရယူမယ့် ဝန်ထမ်းမရှိဘူးဖြစ်နေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

တိုင်းဒေသကြီးနှစ်ခုနဲ့ ပြည်နယ်ငါးခုမှာ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာန ဝန်ထမ်းတွေ မီတာခသွားမကောက်ရဲလို့ ငွေကြေးဆုံးရှုံးမှုတွေရှိနေတယ်လို့လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။

စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်ပြည်နယ်တို့မှာ ဝန်ထမ်းတွေကို  ဖုန်းနဲ့ ခြိမ်းခြောက်တာတွေ၊ စာနဲ့ ခြိမ်းခြောက်တာတွေအပြင် လက်နက်နဲ့ပါ ခြိမ်းခြောက်လာလို့ မီတာခ ငွေကြေးတွေ သွားမကောက်ရဲဘဲ ကြွေးကျန်တွေများနေပြီး လုပ်ငန်းလည်ပတ်မရတာဖြစ်တယ်လို့ EPC ဝန်ထမ်းတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကိုင်းမှာဆို နှစ်ယောက်သွားလည်း သေ၊ သုံးယောက်သွားလည်း သေနဲ့ ဘယ်ဝန်ထမ်းက သွားရဲမှာလဲ။ စစ်တပ်က ရှိတယ်ဆိုပေမဲ့  သေမှရောက်လာတာလေ။ ကိုယ်ဖြစ်ကိုယ်ခံရမှာ။ ဘယ်သူမှ မီတာခ သွားမကောက်ရဲဘူး။”

မွန်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ်ရှိတဲ့အနက် ရေးမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်မှာ လတ်တလော EPC ဝန်ထမ်းတချို့ ပြောင်းရွှေ့စာတင်ထားကြပေမဲ့ ရုံးချုပ်က ပြောင်းရွှေ့ခွင့်မပေးတဲ့အတွက် ဝန်ထမ်းတချို့က လုပ်ငန်းပြီးပြတ်အောင် မလုပ်ဆောင်နိုင်ဘူးလို့ ဝန်ထမ်းတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရေးမှာဆို အုပ်ချုပ်ရေးမှူးလည်းသေ၊ ပြည်သူ့စစ်ဆို အုပ်စုလိုက် အပစ်ခံရတာ။ ဝန်ထမ်းတွေလည်း ပစ်သတ်ခံရတာ။ မီတာခကောက်ဖို့ မပြောနဲ့၊ ဝန်ထမ်းလို့ လူသိတောင် မခံရဲဘူး။”

မီတာခတွေမရဘဲဆုံးရှုံးနေသလို  ၆၆ ကေဗွီဓာတ်အားလိုင်း ၉ လိုင်းရဲ့ တာဝါတိုင် ၁၉ တိုင်၊ ၂၃၀ ကေဗွီနဲ့ ၁၃၂ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း ၆ လိုင်းတို့ရဲ့ တာဝါတိုင် ၄၅ တိုင်တို့မှာ ဗုံးခွဲဖျက်ဆီးမှုကြောင့်  ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်မှ ဒီကနေ့အထိ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်ပြည်နယ်နဲ့ စစ်ကိုင်း၊ မကွေးတိုင်းတို့မှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် EPC ရုံးတွေ ပျက်စီးပြီး ဝန်ထမ်းအချို့ သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013