DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ပုံငွေရှာကမ်ပိန်း ဗကသများအဖွဲ့ချုပ် စတင်
DVB
·
October 12, 2022
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ပုံငွေရှာကမ်ပိန်း ဗကသများအဖွဲ့ချုပ် စတင်
Donate to DVB

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရန်ပုံငွေကမ်ပိန်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က   အောက်တိုဘာ ၉ ရက်မှာ စတင်နေပြီး ရန်ပုံငွေကမ်ပိန်း လက်မှတ်တစောင်ကို ငွေကျပ် ၅၀၀၀ နဲ့ စောင်ရေ ၁၀,၀၀၀ ရောင်းချသွားမယ်လို့ ကြေညာပါတယ်။

ဗကသများအဖွဲ့ချုပ်ဟာ စတင်တည်ထောင်စဥ်ကတည်းက ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်၊ နယ်ချဲ့စနစ်နဲ့ စစ်အာဏာရှင်စနစ်တို့ကို တစိုက်မတ်မတ် ဆန့်ကျင်တိုက်ပွဲ၀င်လာခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး ခေတ်အဆက်ဆက် အရေးတော်ပုံတိုင်းမှာ ပြည်သူနဲ့ တသားတည်းရပ်တည် တက်တက်ကြွကြွ ပါ၀င်လှုပ်ရှားခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီ ၁ ရက်က စတင်ကာ မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ်တပ်က အာဏာသိမ်းခဲ့တဲ့အခါမှာလည်း ဗကသများအဖွဲ့ချုပ်ဟာ ပြည်သူနဲ့အတူ နေရာဒေသအသီးသီးမှာ  စစ်အာဏာရှင်ဆန့်ကျင်ရေးအလံကို မြင့်မြင့်မားမား လွှင့်ထူတိုက်ပွဲ၀င်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အကျပ်အတည်းကြားထဲမှာ ဗကသရဲဘော်တွေ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့ ရန်ပုံငွေလိုအပ်ချက်တွေရှိလာတာကြောင့် ပြည်သူလူထုထံ ဒီကမ်ပိန်းကတဆင့် အလှူခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ်ပိန်းအစီအစဉ်မှာတော့ ဗကသများအဖွဲ့ချုပ်ကနေ စာအုပ်၊ ပန်းချီ၊ လက်မှုပစ္စည်းနဲ့ တခြား အနုပညာပစ္စည်းပေါင်း ၆၀ လောက်ကို အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး ပြည်တွင်းကနေ ၀ယ်ယူလှူဒါန်းကြမယ့် အလှူရှင်မိဘပြည်သူတွေအနေနဲ့လည်း ပိုပြီးလုံခြုံစိတ်ချရအောင် စီစဥ်ထားပြီး NUG Pay နဲ့လည်း ၀ယ်ယူလှူဒါန်းနိုင်မယ်လို့ ဆိုပါတယ်။

လက်မှတ်တွေကိုတော့ ABFSU Fundraising Page ကနေ စတင်ရောင်းချပေးနေပြီဖြစ်ကာ တခြား ယုံကြည်စိတ်ချစွာ ၀ယ်ယူလို့ရမယ့်နေရာတွေကိုလည်း ABFSU Fundraising Page ကနေ ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013