DVB Logo
Home
မြန်မာသတင်း
အနောက်မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီပစ်မှတ်အချို့ကို PDF တိုက်ခိုက်
DVB
·
October 11, 2022
အနောက်မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီပစ်မှတ်အချို့ကို PDF တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ သီတင်းကျွတ်လပြည့်နေ့က အနောက်မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် ‌သာစည်ကျေးရွာက ဆောက်လုပ်ဆဲ အကျဉ်းထောင်နဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲရှေ့က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။ 

အောက်တိုဘာ ၉ ရက် မနက် ၁ နာရီက အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လုပ်လက်နက်ကြီး ၁၅ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ည ၈ နာရီမှာ သာစည်ကျေးရွာက ဆောက်လုပ်ဆဲ အကျဉ်းထောင်ကို လက်လုပ်လက်နက်ကြီး ၁၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။

မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူက “လက်နက်ကြီးတွေနဲ့ နမခကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သူတို့အတွင်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပြန်ပစ်တာတွေ ရှိတယ်။ ညပိုင်းမှာ သာစည်ရွာအကျဉ်းထောင်သစ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ။ သူတို့ နားနေဆောင်ဘက် ကျည်ကျတယ်။ အထိခိုက်အသေဆုံးအတိကျတော့  မသိရဘူး"လို့ ဆိုပါတယ်။

အဲ့ဒီ နေ့လယ် ၂ နာရီခွဲခန့်ကလည်း မုံရွာမြို့ ဗိုလ်ချုပ်လမ်းဘေးရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ  နှစ် ယောက် သေဆုံးပြီး ဒဏ်ရာတွေလည်း ရခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA  တာဝန်ရှိသူက ပြောပါတယ်။

အခုလို တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေကဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သူတို့က ဆိုပါတယ်။

ပုလဲမြို့နယ်နဲ့  ခင်ဦးမြို့နယ်မှာလည်း  ပျူစောထီးနဲ့ စစ်ကောင်စီအခြေစိုက်စခန်းတွေကို အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ  ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ပုလဲမြို့နယ် အင်မထီးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပေမဲ့ သေဆုံးတဲ့ စာရင်းတော့ မသိရဘူးလို့ ဒေသခံခေါင်းဆောင်က ဆိုပါတယ်။

အလားတူ ခင်ဦးမြို့နယ်က ပျူစောထီးနဲ့ စစ်ကောင်စီ တပ်ချထားတဲ့ ရွာသစ်ကုန်းကျေးရွာကို အောက်တိုဘာ ၉ ရက် ည ၉ နာရီမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာတော့ စစ်ကောင်စီ တပ်သား ၁၃ ယောက် သေတယ်ဆိုတာ ကြားရတယ်လို့  ခင်ဦးမြို့နယ်ဒေါင်းစစ်သည်အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

ခင်ဦးနဲ့ ပုလဲပစ်ခတ်မှုဖြစ်စဉ်မှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေထဲက သေဆုံးတာ မရှိဘူးလို့ အဲဒီအဖွဲ့ခေါင်းဆောင်တွေက ဆိုပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို  ထိခိုက်သေဆုံးမှုအရေအတွက်နဲ့ ပတ်သက်ပြီး တခြားသတင်းရင်းမြစ်တွေဆီကလည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013