မလေးရှားအစိုးရက ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်နဲ့ ပတ်သက်ပြီး စာမျက်နှာ ၅ မျက်နှာပါ အစီရင်ခံကို မလေးရှားအစိုးရက မေလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အရပ်ဘက်လေယာဉ်တွေကို အချိန်နဲ့ တပြေးညီ နောက်ယောင်ခံနိုင်မယ့် စနစ်တခုကို စတင်အသုံးပြုဖို့ အပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေကြောင်းအဖွဲ့ကို မလေးရှားအာဏာပိုင်တွေက အစီရင်ခံစာထဲမှာ တိုက်တွန်းတောင်းဆိုထားပါတယ်။ mh370-777၂၀၀၉ ခုနှစ်ကလည်း ပြင်သစ်လေကြောင်းပိုင်လေယာဉ်တစီးလည်း အခုလိုပဲ နောက်ယောင်မခံနိုင်ပဲ ပျောက်ဆုံးခဲ့တာကြောင့် ၅ နှစ်အတွင်း အရပ်ဘက်လေယာဉ်နှစ်စီး ပျောက်ဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ လေယာဉ်ရဲ့နောက်ဆုံးအခြေအနေနဲ့ တည်နေရာကို အတိအကျစုံစမ်းထောက်လှမ်း နိုင်ခြင်း မရှိတာကြောင့် လေယာဉ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကြီးမားတဲ့ အခက်အခဲ ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ အရင်က မလေးရှားအစိုးရက ထုတ်ပြန်ခဲ့ဖူးခြင်းမရှိတဲ့ အချက်အလက်တချို့ကိုလည်း အစီရင်ခံစာမှာ တည့်သွင်းအစီရင်ခံထားတာလည်းပါဝင်ပါတယ်။ လေယာဉ်မှူးတွေနဲ့ လေကြောင်းဆက်သွယ်ရေးဌာန နောက်ဆုံးပြောဆိုခဲ့တဲ့ အသံဖိုင်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ပြန်လည်အားသွင်းနိုင်တဲ့ lithium batteries ဓာတ်ခဲ ၂ တန်ခွဲကိုလည်း လေယာဉ်ပေါ် သယ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လေယာဉ် ပျောက်ကြောင်းသိရှိခဲ့ပြီး ၄ နာရီကြာ မနက် ၅ နာရီခွဲတဲ့အထိ လေယာဉ်ရှာဖွေ ကယ်ဆယ်ရေးတွေ မစနိုင်ခဲ့ဘူးဖို့လည်း ဆိုပါတယ်။ ဒီအပတ်ထဲမှာပဲ လေကြောင်း၊ ရေကြောင်း လေယာဉ်ရှာဖွေရေး မအောင်မမြင်ဖြစ်ခဲ့ပြီး ရေအောက်ရှာဖွေရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်တော့မယ်လို့ သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘတ်က ပြောဆိုခဲ့ပါတယ်။ လေယာဉ်ပျောက်မိသားစုဝင်တွေကို ထောက်ပံ့ကူညီမှုတွေကိုလည်း ရပ်ဆိုင်းတော့မှာ ဖြစ်လို့ မိသားစုဝင်တွေအိမ်ပြန်နိုင်ပြီလို့ မလေးရှားလေကြောင်းလိုင်းက မေလ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up