DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ဦးနှင့် အရပ်သား ၂ ဦးကို စစ်တပ်က ဖမ်းဆီးထား
DVB
·
October 11, 2022
မောင်တောမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ဦးနှင့် အရပ်သား ၂ ဦးကို စစ်တပ်က  ဖမ်းဆီးထား
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်နဲ့ အရပ်သား ၂ ယောက်ကို စစ်ကောင်စီက ပုဒ်မ ၄ ခုနဲ့အမှုဖွင့်ထားပြီး ချုပ်ရမန် ၄ ကြိမ်ရယူပေမဲ့ တရားမစွဲနိုင်သေးသလို ပြန်လည်းမလွှတ်ပေးဘဲ ဖမ်းဆီးထားတာ ၂ လကျော်ကြာရှိပြီဖြစ်ပါတယ်။

ဒါ့အပြင် မိသားစုတွေနဲ့လည်းတွေ့ခွင့်မပေးဘဲ အောက်တိုဘာ ၈ ရက်ကတော့ မောင်တောမြို့သူကြီး နခခ (၅) ကို  ခေါ်ဆောင်သွားတယ်လို့ ဖမ်းဆီးခံရသူတဦးဖြစ်တဲ့ ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုကိုအောင်(ခ)ဘုန်းကံနိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်အမက ပြောပါတယ်။

“ဖမ်းထားတာ ၂ လကျော်ပြီး ဒီနေ့အထိ မိသားစုနဲ့တွေ့ခွင့်မရသေးဘူး။ အမှုဖွင့်ထားတာ ၂ လကျော်ပါပြီ။ ချုပ်ရမန်က ၂၈ ရက်အထိသာယူလို့ရတာပါ။ အခုထိ တရားစွဲတင်နိုင်ခြင်းမရှိဘူး။ တရားမစွဲနိုင်ရင် ပြန်လွှတ်ပေးရမှာ။ အခုက သူတို့ကို ကြိမ်ချောင်း ၂၄ ဂိတ်ကနေ စစ်ကားတွေနဲ့ မောင်တော နခခ(၅)ကို အောက်တိုဘာ ၈ ရက်နေ့မှာ ခေါ်ဆောင်သွားကြပါတယ်။”

ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုကိုအောင်(ခ)ဘုန်းကံနိုင် တရိမ်းကျေးရွာအုပ်ချုပ်ရေးမှူး အိမ်စိုးမောင်း(ခ)ဇာလီ သာယာကုန်းကျေးရွာတာဝန်ခံ မောင်ဘသိန်းနဲ့ အရပ်သားတွေ ဖြစ်ကြတဲ့ ဦးထွန်းရွှေနဲ့ ဦးထွန်းအေးကြိုင်တို့ကို ဇူလိုင် ၁၈ ရက်က  မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီးမှာ စစ်ကောင်စီ ကားတစီးကို AA က မိုင်းခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မသင်္ကာလို့  ဖမ်းဆီးခံခဲ့ကြရတာပါ။

သူတို့ ၅ ယောက်ကို  ဇူလိုင် ၂၁ ရက်နေ့မှာ ရာဇတ်သတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ လူသတ်မူ /၃၀၇၊ လူသတ်ရန် ကြံရွယ်မှု /၃၂၆၊ ထိခိုက်နာကျင်စေမှု /၁၁၄ ပူးပေါင်းပါဝင်မှုတွေနဲ့ မောင်တောမြို့နယ်တရားရုံး၌ အမူဖွင့်လှစ်ခံထားရတာဖြစ်ပြီးဥပဒေအရ ချုပ်ရမန် ၂၈ ရက်အထိချုပ်ရမန်ရယူပြီး တရားစွဲတင်နိုင်ခြင်းမရှိပါက တရားသေလွတ်ပေးရမှာဖြစ်တယ်လို့ မောင်တောမြို့ကရှေ့နေတစ်ဦးကပြောပါတယ်။

"ဥပဒေအရဆိုရင် တရားရုံးမှာချုပ်ရမန်ရယူပြီး ၂၈ ရက်အတွင်းမှာ တရားစွဲတင်နိုင်ရမှာ တရားလိုဘက်က  သက်သေမခိုင်လုံလို့ တရားမစွဲနိုင်ရင် တရားသေလွှတ်ပေးရမှာ။ အခုက ချုပ်ရမန်ကျော်လွန်ပြီးတာ မနည်းကြာနေပြီလေ။ လွှတ်မပေးဘဲ ချုပ်ထားတယ်ဆိုတော့ နောက်ပုဒ်မတစ်ခုခုနဲ့ မြို့နယ် သို့မဟုတ် ခရိုင်မှာ ချုပ်ရမန်ရယူထားတာဖြစ်နိုင်တယ်။"လို့ ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနားမှာ   ဇူလိုင် ၁၈ ရက် မနက် ၁၁ နာရီကျော်က  စစ်ကောင်စီ ကားတစ်စီးကို အေအေတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာမှာ နယ်ခြားစောင့် အယောက်  ၂၀ သေဆုံးပြီး  ၁၄ ဦးဖမ်းဆီးခံရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013