DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့တွင် နယ်ထိန်း ရဲအုပ် ၁ ဦး ပစ်သတ်ခံရ
DVB
·
October 11, 2022
ဝမ်းတွင်းမြို့တွင် နယ်ထိန်း ရဲအုပ် ၁ ဦး ပစ်သတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ မြို့မရဲစခန်းရဲ့ နယ်ထိန်းခေါင်းဆောင် ရဲအုပ် စောနိုင်ဦးကို  အောက်တိုဘာ ၉ ရက်ညက အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးရုံးအနီးမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့  ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု (WTRF)က ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီရဲ့ ဒေါက်တိုက် ယာယီစခန်းမှူးတာဝန်ယူထားသူဖြစ်တဲ့  ရဲအုပ် စောနိုင်ဦး(ခ)ဗိုလ်စောကို သေနတ်နဲ့ ၆ ချက်ပစ်ပြီး သတ်ခဲ့တာလို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု(Wundwin Township Revolution Force-WTRF) ကဆိုပါတယ်။

ဝမ်းတွင်းဒေသခံတဦးကလည်း “သေနတ်သံတွေ ကြားရတယ်၊ သွားတော့မကြည့်ရဲဘူး။ ပြောသံကြားတာတော့ နယ်ထိန်းခေါင်းဆောင် ပစ်သတ်ခံရတာ၊ နေရာမှာတင် သေဆုံးသွားတယ်တဲ့။”လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဲနေရာအနီးတဝိုက်မှာ  စစ်ကောင်စီတပ်ဖွဲ့တွေက ရှာဖွေစစ်ဆေးနေတယ်လို့ သိရတယ်။ အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013