Home
မြန်မာသတင်း
ပုသိမ်မြို့တွင် မော်တော်ဆိုင်ကယ်စီးသူများကို စစ်ဆေးဖမ်းဆီး ငွေတောင်းမှုပိုများလာ
DVB
·
October 10, 2022
311419198_1252269342222168_3999625595786748686_n

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ  မော်တော်ဆိုင်ကယ်စီးတဲ့ ပြည်သူတွေကို   ယာဉ်ထိန်းရဲတွေသာမက  အရန်မီးသတ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီဩဇာခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကပါ စစ်ဆေးဖမ်းဆီး ဒဏ်ငွေတောင်းခံနေတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

ပုသိမ်မြို့ခံတစ်ဦးက “အရင်က ဆိုင်ကယ်ဖမ်းရင် ယာဉ်ထိန်းတွေပဲ ဖမ်းတာ။ အခုက အရန်မီးသတ်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးကလူတွေပါ ဖမ်းတာ။ ဥပဒေမသိသူတွေ ဖမ်းတော့ ဖမ်းချင်သလိုဖမ်း၊ တောင်းချင်သလိုတောင်းကြတာ”လို့  ပြောပါတယ်။

ပုသိမ်မြို့ပေါ်အပြင် ကျေးရွာတွေအထိဆင်းဖမ်းနေပြီး ပြည်သူတွေဆီကနေ နည်းပေါင်းစုံနဲ့ ငွေတောင်းနေတာလို့လည်း  ဒေသခံတယောက်က ပြောပါတယ်။

“အခု ဆိုင်ကယ်တွေ စစ်တာဆိုပြီး အကြောင်းအမျိုးမျိုးပြ ချလန်ဖြတ်မယ်ဆို လုပ်တာတွေများတဲ့ ချာလန်မဖြတ်ဖို့ အနိမ့်ဆုံး တစ်သောင်းက နှစ်သောင်းအထိ တောင်းယူတာတွေ လုပ်တာပေါ့။ ချာလန်ဖြတ်ရင် တရားရုံးသွားရရင်အချိန်ကုန်တော့ မသွားချင်ဘူးလေ။” 

စစ်တပ်အာဏာသိမ်းပြီးနောက် ပုသိမ်မြို့မှာ ဆိုင်ကယ်ဖမ်းတာတွေ ပိုလုပ်ဆောင်လာကြောင်း၊ အထူးသဖြင့် စက်တင်ဘာနောက်ဆုံးပတ်ကစပြီး ပိုမိုဖမ်းဆီးနေတာဖြစ်ပြီး ယာဉ်စည်းကမ်းဖောက်ဖျက်လို့ တရားရုံးတင်ရင် ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ပေးရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024