DVB Logo
Home
မြန်မာသတင်း
ပင်လောင်းတွင် လေပြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့် ပျက်စီး
DVB
·
May 1, 2014
ပင်လောင်းတွင် လေပြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့် ပျက်စီး
Donate to DVB

အထက်ပေါင်းလောင်းဆည်စီမံကိန်းကြောင့် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းဒေသကို နေအိမ်ပြောင်းရွှေ့ခဲ့ရတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လေပြင်းဒဏ်ခံရမှုကြောင့် အိမ်ခြေ ၁၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။

[caption id="attachment_55840" align="alignleft" width="300"]1512326_653358274717603_4585358205220860576_n ဓာတ်ပုံ - Sai Lovest's[/caption]

ပင်လောင်းမြို့နယ်ထဲမှာ ဧပြီ ၂၇ ရက်နေ့က တကြိမ်၊ ဧပြီ ၂၉ ရက်နေ့က တကြိမ် စုစုပေါင်း ၂ ကြိမ် လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လိန်းလီရွာသစ်က အိမ်ခြေစုစုပေါင်း ၁၀၀ နီးပါး ပျက်စီးခဲ့ရတာပါ။

အဲဒီရွာဟာ ပေါင်းလောင်းဆည်တည်ဆောက်ရေး စီမံကိန်းကြောင့် လွန်ခဲ့တဲ့ ၆ လ လောက်ကမှ ရွှေ့ပြောင်းလာတဲ့ ရွာသစ်ဖြစ်ပြီး အိမ်ခြေအများစုဟာ သွပ်မိုးထရံကာ၊ သက်ကယ်မိုးထရံကာတွေ ဖြစ်တယ်လို့ ပင်လောင်းက ကြည်ဖြူချမ်းမြေ့ လူမှုကူညီရေးအသင်းနာယက ဦးစိန်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ပြောင်းရွှေ့လာတဲ့ ရွာသစ်ပေါ့နော်။ အရင်ရွာက လိန်းလီတံတားအောက်မှာရှိတာ။ လေးငါးခြောက်လလောက်ကမှ ပြောင်းလာတာလေ၊ သူတို့တာတမံပိတ်လိုက်တော့ ရေတွေတက်လာတော့မှာ၊ ရေတက်မှာဆိုတော့ ပြောင်းရွှေ့ကြတာပေါ့။”

လေပြင်းတိုက်မှုကြောင့် ၂၇ ရက်နေ့မှာ နေအိမ် ၆၅ လုံး ၊ ၂၉ ရက်နေ့မှာ နောက်ထပ် ၂၃ လုံး ပျက်စီးသွားကြောင်း ၊ ခိုင်ခန့်တဲ့အိမ်က ခေါင်မိုးတွေ လန်ထွက်ကုန်ပြီး တဲအိမ် အလုံးပေါင်း ၂၀ အနီးနားက လျှိုထဲ လွင့်သွားတယ်လို့ ဆိုပါတယ်။

လျှိုထဲ လွှင့်သွားတဲ့အိမ်တွေကို လေ့ကျင့်ရေးတပ်က ရဲဘော်တွေ လိုက်လံဆယ်ယူပေးနေပြီး အိမ်ပြုပြင်လို့ မပြီးသေးတဲ့အတွက် ရွာသား ၆၀ လောက် နီးစပ်ရာ ဆွေမျိုးအသိအိမ်တွေမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

လိန်းလီရွာမှာ စုစုပေါင်း အိမ်ခြေ ၂၀၀ လောက်ရှိပြီး ရွာသားအများစုက တောင်ယာလုပ်ငန်း၊ လက်လုပ်လက်စားတွေဖြစ်တဲ့အတွက် လေဘေးသင့်ပြည်သူတွေ အကူအညီများစွာ လိုအပ်နေကြောင်း၊ သူတို့အဖွဲ့ကလည်း ရပ်ကွက်ထဲမှာ အကူငွေနဲ့ ပစ္စည်းတွေ လိုက်လံကောက်ခံနေပြီး မနက်ဖန်မှာ အိမ်တိုင်ရာရောက်သွားကူညီမယ်လို့ ဦးစိန်ထွန်းက ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013