DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်၌ ခရီးသွားလူငယ် ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
October 10, 2022
ပခုက္ကူမြို့နယ်၌  ခရီးသွားလူငယ် ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ အောက်တိုဘာ ၉ ရက် ညနေပိုင်းက ခရီးသွား လူငယ်တယောက်ကို စစ်ကောင်စီတပ်က  PDF လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့  မြို့ခံတယောက်က ပြောပါတယ်။

ရှားတောရွာက အသက် ၂၀ အရွယ် ကိုစောသီဟကို မနေ့က ညနေ ၄ နာရီလောက်က ပခုက္ကူုမြို့ အမှတ် ၁၁ ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေနဲ့ အပေါင်းပါတွေက PDF လို့ စွပ်စွဲပြီး စောင့်ဆိုင်း ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့မှာ ပခုက္ကူမြို့ကို ဘုရားဖူးလာရောက်ကာ သူငယ်ချင်းတွေဆီကို လျှောက်လည်ရင်း တယောက်တည်း ရှိနေချိန် ဖမ်းဆီးခံလိုက်ရပြီး ပခုက္ကူမြို့မရဲစခန်းကို ခေါ်ဆောင် သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့အပေါင်းပါတွေဟာ ဒေသခံတွေနဲ့ NLD ပါတီထောက်ခံဝန်းရံသူတွေကို PDFတပ်ဖွဲ့ဝင် ၊ PDFထောက်ပံ့သူ၊ မမှန်သတင်းရေးသားဖြန့်ဝေသူလို့ ခေါင်းစဥ် အမျိုးမျိုး တပ်ပြီး ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင်သိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ အောက်တိုဘာ ၇ ရက်အထိ နိုင်ငံတဝန်း  မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂၅၈၆ ယောက်အနက် ၁၅၀၈ ယောက် ထောင်ဒဏ်ချခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013