DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်တွင် အရပ်သား ၁ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်
DVB
·
October 10, 2022
ဖာပွန်ခရိုင်တွင် အရပ်သား ၁ ဦးကို  စစ်ကောင်စီတပ်က သတ်ဖြတ်
Donate to DVB

ကရင်ပြည်နယ် မူတြော်(ဖာပွန်)ခရိုင် တနေ့ကျေးရွာအနိး အရပ်သားပြည်သူ တယောက်ကို  စစ်ကောင်စီက အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း ကေအန်ယူ- မူတြော်သတင်းက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီကျော်က  တနေးကျေးရွအနီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် တယောက်သေဆုံးကာ တယောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဖော်ပြပါတယ်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ပွားတဲ့နေရာ မနီးမဝေးမှာ ရွာသား စောကျော်နေကို စစ်ကောင်စီတပ်က  သတ်ဖြတ်ခဲ့တာဖြစ်ကြောင်းနဲ့ စောကျော်နေဟာ အရပ်သားဖြစ်ပြီး  စီးပွားရေးလုပ်နေသူတယောက် ဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်ကလည်း  ကေအန်ယူ-ကျိုက်ထိုမြို့နယ်မှာ သိမ်ဇရပ်အခြေစိုက် အမြောက်တပ် (အမတ-၃၁၀)က လက်နက်ကြီး (၆၀မမ)နဲ့ ပစ်ခတ်ခဲ့လို့ သုံးခွကျေးရွာနေ အသက် ၃၀ အရွယ် အမျိုးသမီးတယောက် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရသွားပါတယ်။

"လက်နက်ကြီးက ခမရ (၂၀၇) ကပစ်တာ၊ ကျတာကအိမ်နဲ့ (၁၅) ပေလောက်ပဲကွာတယ် မမာလာကတော့ အိမ်နောက်ဖေးမှာ ပန်းကန်ဆေးနေတာ ညာဖက်ပေါင်ကနေတဆင့် လက်နက်ကြီးစက ဗိုက်ထဲဝင်လို့ ဆေးရုံမှာ ခွဲထုတ်ခဲ့ရတယ်၊  မေးရိုးကိုလည်းထိသွားတယ်”လို့ သုံးခွကျေးရွာသားတစ်ယောက်ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်အတွင်း ကျေးရွာတွေကို  စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ၊ ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်၊ ပေါ်တာဆွဲတာတွေ စတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း  ကေအန်ယူဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013