DVB Logo
Home
မြန်မာသတင်း
ရန်ကုန်- ဖူးခက် MAI တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပြေးဆွဲ
DVB
·
October 10, 2022
ရန်ကုန်- ဖူးခက် MAI တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပြေးဆွဲ
Donate to DVB

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကနေ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ကျွန်းကို တိုက်ရောက်ပျံသန်းမယ့် ရန်ကုန်-ဖူးခက်လေကြောင်း ခရီးစဉ်ကို အောက်တိုဘာ ၉ ရက်က စတင်ပြေးဆွဲနေပြီလို့   မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) က သတင်းထုတ်ပြန်ပါတယ်။ 

အပန်းဖြေခရီးသွားလာသူတွေအတွက် ဒေသတွင်းကူးလူးဆက်သွယ်မှုတိုးမြင့်လာစေဖို့အတွက် ရန်ကုန်- ဖူးကတ် လေကြောင်းခရီးစဉ်ကို  အပတ်စဉ် ကြာသပတေးနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ပြေးဆွဲပေးမှာဖြစ်တယ်လို့  MAI ကဆိုပါတယ်။

လေယာဉ်ဟာ ဖူးခက် နိုင်ငံတကာလေဆိပ်ကို မနက် ၉ နာရီ ၂၅ မိနစ်မှာဆိုက်ရောက်မှာဖြစ်ပြီး မနက် ၁၀ နာရီ ၂၅ မိနစ်မှာ ရန်ကုန်ကို ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ 

ရန်ကုန်- ဖူးခက် ခရီးစဉ်ကို အောက်တိုဘာ ၉ ရက်က စတင်ပြေးဆွဲရာမှာ ခရီးသည် ၉၀ လိုက်ပါလာတဲ့ လေယာဉ် ပထမဆုံးလေယာဉ်ဟာ  မနက် ၉ နာရီ ၂၅ မိနစ်မှာ ဖူးခက်လေဆိပ်ကို ဆိုက်ရောက်လာပါတယ်။

ဖူးကတ်မှာနေထိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့  ကာလရှည်နေထိုင်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက် အဓိကရည်ရွယ် ပြေးဆွဲတာဖြစ်ပြီး  ရန်ကုန်-ဖူးခက်ခရီး စဉ်စတင်တဲ့အ ထိမ်းအမှတ်သတင်းစာရှင်းလင်းပွဲကို စနေနေ့က ကျင်းပရာမှာ ဖူးခက်ခရိုင် လက်ထောက်အုပ်ချုပ်ရေးမှူး ပီချတ်ပနာပေါင်နဲ့ MAI  အရာရှိ တာနက်စ်ကူမား အပါအဝင် ဖူးခက်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တခြားတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။

ဖူးခက်မှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လေယာဉ်လက်မှတ်အဝယ်များတယ်လို့ လေ့လာတွေ့ရှိထားတဲ့အကြောင်းနဲ့ တရားဝင်အလုပ်လာလုပ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း မြန်မာနိုင်ငံမှာရှိတဲ့ သူတို့နေရပ်ကို ပြန်သွားလည်ချင်ကြတယ်လို့ MAI  လေကြောင်းလိုင်း ဈေးကွက်နဲ့ အရောင်းမန်နေဂျာ ဆာသစ်ရိုဒ်နီမစ်က ပြောပါတယ်။

ဒီခရီးစဉ်ဟာ ဖူးခက်မှာနေထိုင်တဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေ အထူးသဖြင့် ဥရောပတိုက်သားတွေကို ရည်ရွယ်ထားပြီး လေယာဉ်လက်မှတ်ခကတော့ အသွားအပြန် တကြောင်းစာကို ဘတ် ၆၀၀၀ နဲ့ ခရီးဆောင်အိပ် အလေးချိန် ၃၀ ကီလိုဂရမ် သယ်လို့ရမယ်လို့ ဆိုပါတယ်။

နေရပ်ပြန်ချင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက်တော့ လေယာဉ်လက်မှတ်ခ အပြန်တကြောင်းစာ ဘတ် ၄၇၀၀ ကျသင့်မယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံက ဝင်ငွေကောင်းတဲ့ ခရီးသွားတွေ အားလပ်ရက်တွေမှာ ဖူးခက်ကိုလာလည်ကြဖို့ မျှော်မှန်းထားပြီး အနာဂတ်မှာ ရန်ကုန်နဲ့ ဖူးခက်အကြား MAI လေယာဉ်ပုံမှန်ပြန်သန်းဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။ 

ဖူးခတ်မှာ  အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားတဲ့ ရွှေ့ပြောင်းလုပ်သအား အရေအတွက် ၄၇,၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Photo- MAI

Ref-BangkokPost

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013