
မွန်ပြည်နယ် ရေးမြို့နယ်၊ ရေး-မော်လမြိုင်ကားလမ်းမပေါ်က နှင်းစုံကျေးရွာထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ YSTF တာဝန်ရှိသူက ပြောပါတယ်။
မွန်းလွဲ ၂ နာရီလောက် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပြီးနောက် တနာရီကျော်ကြာမှသာ စစ်ကောင်စီတပ်ဘက်က သေဆုံးသွားသူ ၂ ယောက်နဲ့ ဒဏ်ရာပြင်းထန်သူ ၂ ယောက်ကို အရေးပေါ်ကားနဲ့ မော်လမြိုင်မြို့ဘက် သယ်သွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ရေးပြည်သူ့ကာကွယ်ရေး YSTF ကတော့ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
YSTF က အဲဒီနေရာကို ဝင်ရောက် တိုက်ခိုက်တာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်ကလည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။