DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် ဆန်တန်ချိန် ၂ သိန်းတွင် ရခိုင်မှ ဆန်တန်ချိန် ၂၅၀၀ ပါဝင်
DVB
·
October 9, 2022
ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် ဆန်တန်ချိန် ၂ သိန်းတွင် ရခိုင်မှ ဆန်တန်ချိန် ၂၅၀၀ ပါဝင်
Donate to DVB

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တန်ချိန် ၂ သိန်း တင်ပို့ဖို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF က ဆောင်ရွက်နေရာမှာ ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းအနေနဲ့ MRF သို့ ဆန်တန်ချိန် ၂၅၀၀ ရောင်းချခွင့်ရရှိထားတယ်လို့ ရခိုင်ဆန်ကုန်သည်များအသင်းက သိရပါတယ်။

ရခိုင်ဆန်ကုန်သည်များအသင်း တာဝန်ရှိသူတဦးက "မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRF က ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ဒီနှစ်စပါးပေါ်ရာသီမှာ ဆန်တန်ချိန် ၂ သိန်းတင်ပို့ဖို့ ဆောင်ရွက်ထားတယ်။ အဲဒီအထဲမှာ ရခိုင်က ဆန်တန်ချိန် ၂၅၀၀ ကို MRF က ဝယ်ယူဖို့ရှိတယ်။ အဓိကက အရည်အသွေးကောင်းတဲ့ဆန်တွေဖြစ်ရမယ်"လို့ ပြောပါတယ်။

ဒီလိုအရည်အသွေးမှီ ဆန်တွေ ရရှိဖို့ ရခိုင်ပြည်နယ်ရှိ အရည်အသွေးမီ ကြိတ်ခွဲနိုင်တဲ့ ဆန်စက်ကြီး ၇‌ လုံးကနေ ဆန်တွေကို အသုတ်လိုက် ရောင်းချသွားမယ်လို့ ရခိုင်ဆန်စက် လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တဦက ပြောပါတယ်။

"ဆန်စက် ၇ လုံးက ဆန်တွေကိုသာ ရောင်းချသွားမှာဖြစ်တယ်။ တတန်ကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းချသွားမှာ။ ဆန်ရရှိနိုင်ဖို့ အခက်အခဲကတော့ သိပ်မရှိနိုင်ပါဘူး။ ဆန်စက်ပိုင်ရှင်တွေနဲ့ သဘောတူပြီးသားပါ။"

ရခိုင်ပြည်နယ်မှာ ပို့ကုန်အရည်အသွေးမီ ကြိတ်ခွဲနိုင်တဲ့ ခေတ်မီ ဆန်စက် ၇  လုံးဟာ  ကျောက်တော်မြို့နယ်မှာ ၃ လုံး၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၂ လုံးနဲ့ စစ်တွေမြို့မှာ ၂ လုံး ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF က ဆန်တင်ပို့ရာမှာ စစ်တကောင်း ဆိပ်ကမ်းအရောက် ဆန်တတန်ကို ကန်ဒေါ်လာ ၄၆၅ ဒသမ ၅ နှုန်းနဲ့ ရောင်းချမှာဖြစ်ပြီး ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက MRF ထံသို့ ဆန်တတန်ကို ဒေါ်လာ ၄၀၀ နှုန်းနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013