DVB Logo
Home
မြန်မာသတင်း
CDM ပညာရေးရန်ပုံငွေ “ဝါလကင်းလွတ်သီတင်းကျွတ်မို့ ပညာဆီမီးထွန်းညှိစို့” ကမ်ပိန်းစတင်
DVB
·
October 8, 2022
CDM ပညာရေးရန်ပုံငွေ “ဝါလကင်းလွတ်သီတင်းကျွတ်မို့ ပညာဆီမီးထွန်းညှိစို့” ကမ်ပိန်းစတင်
Donate to DVB

အာဏာဖီဆန် CDM ပညာရေးအတွက် “ဝါလကင်းလွတ်သီတင်းကျွတ်မို့ ပညာဆီမီးထွန်းညှိစို့”လို့ အမည်ပေးထားတဲ့ ရန်ပုံငွေရှာ ကမ်ပိန်းတခုကို  တနင်္သာရီအခြေစိုက် အဖွဲ့အစည်း ၃ ခုက  အောက်တိုဘာ ၇ ရက်မှ ၁၆ရက်အထိ ၁၀ ရက်တာ စတင်ပြုလုပ်နေပါတယ်။

တနင်္သာရီအခြေစိုက်ကျောင်းသားများသမဂ္ဂကွန်ရက်၊ တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာ ဆရာဆရာမများသမဂ္ဂနဲ့ တနင်္သာရီလူမျိုးပေါင်းစုံ ကွန်ဂရက်(TNC)တို့ ပူးပေါင်းပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ရင်း ကြားကာလပညာရေး ဖော်ဆောင်နေကြတဲ့ အွန်လိုင်းနဲ့ မြေပြင် CDM ပညာရေးမှာ သင်ယူနေတဲ့ မျိုးဆက်သစ်များအတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ ကမ်ပိန်းပြုလုပ်တာပါ။

ကမ်ပိန်းမှာပါဝင် ရန်ပုံငွေထည့်ဝင်နိုင်တဲ့နည်းလမ်းတွေကတော့ အွန်လိုင်းကျောင်းတွေအတွက် ကျောင်းသား အယောက် ၁၀၀ ဆံ့စာသင်ခန်းတခန်းကို ကျပ် ၂၇၀၀၀ ကျပ်နဲ့ ထည့်ဝင်နိုင်ပြီး မြေပြင်ကျောင်းတွေအတွက်တော့ သင်ထောက်ကူ ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ တတ်နိုင်သလောက်ပါဝင်ကူညီနိုင်ပါတယ်။

အလှူငွေတွေကို ကမ်ပိန်းဦးဆောင်ပြုလုပ်တဲ့ အဖွဲ့အစည်း ၃ ဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေ ကနေဆက်သွယ်ပြီး NUG pay ၊ Kpay ၊ Wave pay ၊ paypal ၊ SCB Bank တို့အပြင် Bitcoin နဲ့ ပါ ထည့်ဝင်နိုင်အောင် စီစဉ်ပေးထားတယ်လို့သိရပါတယ်။ 

အခက်အခဲ အကျပ်အတည်းတွေကြားက ပြည်သူ့ချွေးနှဲစာကို  အလှူခံရတဲ့အတွက်များစွာ အားနာမိကြောင်းနဲ့ အခုသီတင်းကျွတ်မုန့်ဖိုးကမ်ပိန်းလေးမှာလည်း ပါဝင်ဖို့ဖိတ်ခေါ်တယ်လို့ ကမ်ပိန်းဦးဆောင်သူတွေက ပြောပါတယ်

အခုကမ်ပိန်းကို တော်လှန်ရေးအတွင်း တနင်္သာရီဒေသထဲက စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပြီး အနာဂတ်ကို ကောင်းစွာထုဆစ်ကြမယ့် မျိုးဆက်သစ်တွေအတွက် ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက မြို့နယ်အသီးသီးမှာ ပညာရေးဘုတ်အဖွဲ့ ဖွဲ့ပြီး အွန်လိုင်းစာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားတာတွေအပြင် ပုလောမြို့နယ်မှာ မြေပြင်ကျောင်းတချို့ ဖွင့်လှစ်သင်ကြားနိုင်ပြီလို့ ပညာရေးဘုတ်အဖွဲ့တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013