DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ကာကွယ်ရေးရဲဘော်များဆီ တပ်ရင်းရိက္ခာအဖြစ် ကန်ဒေါ်လာ ၅ သန်းခွဲကျော် ထောက်ပံ့ခဲ့ဟု NUG ပြော
DVB
·
October 8, 2022
ပြည်သူ့ကာကွယ်ရေးရဲဘော်များဆီ တပ်ရင်းရိက္ခာအဖြစ် ကန်ဒေါ်လာ ၅ သန်းခွဲကျော် ထောက်ပံ့ခဲ့ဟု NUG ပြော
Donate to DVB

ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဆီကို တပ်ရင်းရိက္ခာအဖြစ် ပြီးခဲ့တဲ့ ၉ လအတွင်း   အမေရိကန်ဒေါ်လာ ၅ သန်းခွဲကျော် ထောက်ပံ့နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ထောက်ပို့တပ်) စတင်ဖွဲ့စည်းချိန်ကနေ ဒီနေ့အထိ ရရှိခဲ့တဲ့ ပြည်သူ့ထောက်ပို့ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၇ သန်းတိတိကို တနိုင်ငံလုံးရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေဆီ တပ်ရင်းရိက္ခာအဖြစ် ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ထောက်ပံ့ငွေတွေ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဆီကို တပ်ရင်းရိက္ခာထောက်ပံ့မှုအဖြစ် စီးဆင်းနိုင်တာ ၉ လတိတိရှိခဲ့ပြီဖြစ်ပြီး တနိုင်ငံလုံးအနှံ့ဖြန့်ကျက်ထားတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်အရေအတွက်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် လစဥ်တပ်ရင်းရိက္ခာအဖြစ်ထောက်ပံ့ဖို့ လျာထားတဲ့ ဘဏ္ဍာငွေလိုအပ်ချက်ရှိနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်(PRF)ဟာ တနိုင်ငံလုံးက PDF ရဲဘော်တွေအတွက် အကျိုးကျေးဇူးများခဲ့တာကြောင့် ဦးဆောင်ပေးခဲ့ကြတဲ့ OFP အဖွဲ့သားတွေနဲ့ ထောက်ပို့မိသားစုဝင်ပေါင်း ၂၅၉၉၆ ယောက်တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အထူးကျေးဇူးတင်တယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်သားတယောက် လစဉ်စားနပ်ရိက္ခာဖူလုံနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၀ လို့ တွက်ချက် သတ်မှတ်ထားပြီး လစဉ်မပြတ်တာဝန်ယူကြမယ့် သူတွေကို ဒေါ်လာ ၂၀၊ ၂၀၀ ကနေ ဒေါ်လာ ၃၀၀၀၀ အထိ လစဉ်ထောက်ပံ့နှုန်းအတိုင်း ထောက်ပို့တပ်သား၊ တပ်စိတ်မှူး၊ တပ်စုမှူး စတဲ့  ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့ ဖွဲ့စည်းပုံအတိုင်း ကိုယ်ပိုင်နံပတ်နဲ့ ထောက်ပို့တပ်ဖွဲ့ဝင်ကတ်ကို ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပေးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013