DVB Logo
Home
မြန်မာသတင်း
အောက်တိုဘာပထမပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ သေဆုံးဟု အေအေ ထုတ်ပြန်
DVB
·
October 8, 2022
အောက်တိုဘာပထမပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ သေဆုံးဟု အေအေ ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်၊ မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲဖြစ်ပွားတာတွေကြောင့် အောက်တိုဘာ ပထမအပတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀   သေဆုံးကာ ၂၅ ယောက်ထက်မနည်း ဒဏ်ရာ ရခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

တပတ်အတွင်း ရခိုင်ပြည်နယ်က မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွေမှာ တိုက်ပွဲကြီး ၁၀ ကြိမ်ကျော်နဲ့ တိုက်ပွဲငယ် ၁၀ ကြိမ်ကျော်အထိ ဖြစ်ပွားခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၃ ရက် ဘူးသီတောင်မြို့နယ် ကျောက်စာတိုင်(မြိုခမီ)ရွာနားတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးသူ ၁၇ ယောက်နဲ့ ဒဏ်ရာရသူ ၁၅ ယောက် ရှိခဲ့ပြီး  အောက်တိုဘာ ၅ ရက်နဲ့ ၆ ရက် ဘူးသီးတောင်မြို့နယ် ဂူဒါပြင်(မွတ်ဆလင်)ကျေးရွာနဲ့ တောင်ရွာ(မွတ်ဆလင်)ကျေးရွာတို့ကြားဖြစ်ပွားတဲ့  တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက် သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ယောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အလားတူ  အောက်တိုဘာ ၇ ရက် မင်းပြားမြို့ ကြပ်စင်တံထားမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို အေအေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးကာ  ထိခိုက်ဒဏ်ရာရရှိသူ တချို့လည်းရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်လုပ်နေပြီး အေအေအပေါ် ဖြတ်လေးဖြတ်ဗျူဟာအရ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ အခြေခံစားသုံးကုန်၊ ဆေးဝါးအပါအဝင် မရှိမဖြစ် အခြေခံလူသုံးကုန်တွေကို ပစ္စည်းသယ်ယူခွင့်မရအောင် ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆိုပြီး ပြည်သူတွေ အငတ်ဘေးရောက်အောင်လုပ်ဆောင်နေတယ်လို့အေအေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက ရခိုင်ပြည်နယ်နဲ့ ပလက်ဝမြို့နယ်တွေမှာ စစ်အင်အား၊ လက်နက်ခဲယမ်းတွေ အင်အားဖြည်းတင်နေတာကြောင့် တိုက်ပွဲတွေ နေရာအနှံ ပြင်းထန်လာမယ် လို့ အေအေက ခန့်မှန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ အခုကာလအတွင်း  တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော် အထိ ရှိလာပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013