DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် သွားလာရေးလမ်းကြောင်းများ ပိတ်ထားသဖြင့် ဒေသခံများ စားဝတ်နေရေး အခက်ကြုံ
DVB
·
October 8, 2022
မောင်တောတွင် သွားလာရေးလမ်းကြောင်းများ  ပိတ်ထားသဖြင့် ဒေသခံများ စားဝတ်နေရေး အခက်ကြုံ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ ကုန်းလမ်းကြောင်းရော ရေလမ်းကြောင်းပါ ပိတ်ထားတာ လနဲ့ချီကြာလာပြီဖြစ်လို့  ပြည်သူလူထုတွေ၊ ကုန်သည်တွေနဲ့ အလုပ်သမားတွေ စားဝတ်နေရေး အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ဒေသခံတယောက်က “လမ်းတွေပိတ်ထားပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာ ၁ လနဲ့ ရက် ၂၀ ကျော်လောက် ရှိနေပါပြီ။ အဓိကက ကုန်စည်စီးဆင်းမှု မရှိတာရယ်၊ ​ကုန်းစျေးနှုန်း မြင့်မားတာရယ်၊ အခက်ခဲဆုံးကတော့ မောင်တောတောင်ပိုင်း မြောက်ပိုင်းတွေကို လွတ်လပ်စွာ သွားလာခွင့်မရှိတဲ့အတွက် ဒေသခံတွေ လုပ်ကိုင်စားသောက်လို့ မရကြဘူး။ ဒါကြောင့် ဒီဒေသက လူမျိုးပေါင်းစုံ ဒုက္ခတွေ့နေရတယ်။ အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြရတယ်။ ကျ‌နော်တို့က လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် လွတ်လပ်စွာ လုပ်ကိုင်စားသောက်ပိုင်ခွင့်ကို လိုချင်ပါတယ်” လို့ ပြောပါတယ်။

အခုလို ကုန်းလမ်းနဲ့ ရေလမ်းတွေ ပိတ်ထားလိုက်တာကြောင့် မောင်တောဒေသက စီးပွားရေးသမားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ ကားသမားတွေနဲ့ အလုပ်သမားတွေကအစ အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရပြီး မောင်တောနယ်စပ်ကုန်သွယ်မှု ရပ်တန့်နေတာကြောင့် ကုန်တင်ကုန်ချ အလုပ်သမား ၁၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်သွားကြပြီး စားဝတ်နေ​ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“အခက်အခဲတွေက မျိုးစုံကြုံတွေ့နေရတယ်။ ကုန်စျေးနှုန်းတွေက အဆမတန် စျေးမြင့်သွားတယ်။ အလုပ်အကိုင်ရှားပါးမှု ဖြစ်ပေါ်လာတယ်။ ကုန်စည်စီးဆင်းမှု ရပ်တန့်နေတော့ ကုမ္ပဏီဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေ၊ ကားသမားတွေ၊ အလုပ်သမားတွေ အားလုံးက ချိတ်ဆက်နေကြတာဆိုတော့ အခက်အခဲတွေက အတူတူကြုံတွေ့နေကြရတယ်။ နယ်စပ်ကုန်သွယ်ရေးဖြစ်မှ ကုန်တင်ကုန်ချအလုပ်သမားတွေက နေ့စဥ် ဝင်ငွေတွေ ရရှိကြမှာလေ။ ကုန်သွယ်မှုမရှိတော့ သူတို့မှာ တခြားပြောင်းလုပ်စရာ အလုပ်တွေလည်း မရှိကြဘူး။ ဒီဒေသမှာ တခြားစက်ရုံအလုပ်ရုံတွေလည်း မရှိဘူးလေ။ နယ်စပ်ကုန်သွယ်မှုဖြစ်မှ သူတို့အတွက် အလုပ်ဖြစ်ကြမှာ။ အခုတော့ အလုပ်လက်မဲ့ ဖြစ်သွားကြပြီး မိသားစု ရာချီပြီးတော့ စားဝတ်နေရေး ခက်ခဲနေကြတယ်။”

မောင်တော-အငူမော်လမ်းမှာ တိုက်ပွဲတွေ‌ကြောင့် သြဂုတ် ၁၄ ရက်ကစပြီး အဲဒီလမ်းကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားခဲ့တာပါ။

စက်တင်ဘာ ၁၅ ရက်မှာတော့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ရွှေပြည်တန် အမြန်ရေယာဉ်နဲ့ ပြည်တွင်းသင်္ဘောတွေ ဘူးသီးတောင်-ရသေ့တောင်မြို့တွေကို ပြေးဆွဲတာ အကန့်အသတ်မရှိ ရပ်တန့်ထားခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲဒီလို ရပ်တန့်ထားတာကြောင့် သာမန်လက်လုပ်လက်စားတွေ၊ အလုပ်သမားတွေ၊ ကားသမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013