DVB Logo
Home
မြန်မာသတင်း
မြန်မာမှ တရုတ်ကို စားသောက်ကုန်တင်ပို့ရန် မှတ်ပုံတင်ထားသည့် ကုမ္ပဏီနှင့်စက်ရုံ ၁,၀၀၀ ကျော်ရှိ
DVB
·
October 8, 2022
မြန်မာမှ တရုတ်ကို စားသောက်ကုန်တင်ပို့ရန် မှတ်ပုံတင်ထားသည့် ကုမ္ပဏီနှင့်စက်ရုံ ၁,၀၀၀ ကျော်ရှိ
Donate to DVB

မြန်မာနိုင်ငံကနေ  တရုတ်နိုင်ငံကို စားသောက်ကုန်ပစ္စည်းတင်ပို့ဖို့ GACC မှာ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ကုမ္ပဏီနဲ့ စက်ရုံပေါင်း  ၁၀၀၀ ကျော်ရှိတယ်လို့  စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို စားသောက်ကုန်တင်ပို့မယ်ဆိုရင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစတင်ပြီး တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှာ မှတ်ပုံတင်ရမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

အဲဒီသတ်မှတ်ကာလ ၂၀၂၂ ဇန်န၀ါရီ ၁ ရက်ကနေ စက်တင်ဘာလကုန်အထိ ၉ လအတွင်းမှာ တရုတ်နိုင်ငံကို စားသောက်ကုန်ပစ္စည်းတင်ပို့ဖို့ GACC မှာ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ကုမ္ပဏီနဲ့ စက်ရုံ ၁,၀၂၂ ခုရှိတယ်လို့  စီးပွားကူးသန်း ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီကုမ္ပဏီနဲ့ စက်ရုံ ၁,၀၂၂ ခုက ပေးပို့ထားတဲ့ အဆိုပြုတင်ပြလွှာ ၁,၈၅၀ စောင်ကို GACC မှာ မှတ်ပုံတင်လျှောက်ထားပြီးဖြစ်တယ်လို့ အဲဒီဌာနက ထုတ်ပြန်ထားတာပါ။

လျှောက်ထားရာမှာ စိုက်ပျိုးရေးဦးစီးဌာနက ကုမ္ပဏီ ၈၈၃ ခု၊ စောင်ရေ ၁,၇၁၁ စောင်၊ ငါးလုပ်ငန်းဦးစီးဌာနက ကုမ္ပဏီနဲ့ စက်ရုံ ၁၁၈ ခု၊ စောင်ရေ ၁၁၈ စောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကုမ္ပဏီ ၁၂ ခု၊ စောင်ရေ ၁၂ စောင်နဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ကုမ္ပဏီ ၉ ခု၊ စောင်ရေ ၉ စောင် လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့မယ့် ကုန်စည်အုပ်စု ၁၈ မျိုးအတွက် GACC မှာ မှတ်ပုံတင်ဖို့ လိုအပ်မှာဖြစ်သလို ကုန်စည်တွေအနေနဲ့ SPS Measure တွေနဲ့ ကိုက်ညီမှုရှိမှသာ တင်ပို့ခွင့်ရရှိမှာ ဖြစ်ပါတယ်။

အဲဒီကုန်စည်အုပ်စု ၁၈ ခုမှာ အသားနဲ့ အသားထုတ်ကုန်၊ ရေထွက်ကုန်၊ နို့ထွက်ပစ္စည်း၊ ငှက်သိုက်နဲ့ ဆက်စပ်ထုတ်ကုန်တွေ၊ အစာသွပ်ရာမှာ အသုံးပြုတဲ့ အပေါ်ခွံအစွပ်၊ စားသုံးဆီ၊ ဂျုံသားနဲ့ပြုလုပ်ထားတဲ့ စားသောက်ကုန်တွေ၊ အစေ့အဆံတွေ၊ ကြိတ်ခွဲထားတဲ့ စက်မှုလုပ်ငန်းထွက်ကုန်တွေနဲ့ မုယော၊ လတ်ဆတ်ပြီး ရေဓာတ်ထုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲခြောက်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ အခွံမာသီးနဲ့ အစေ့အဆံတွေ၊ သစ်သီးခြောက်တွေ၊ မလှော်ထားတဲ့ ကော်ဖီနဲ့ ကိုကိုးစေ့၊ လုပ်ငန်းသုံး အစားအစာတွေ၊ ပျားရည်နဲ့ ပျားထွက်ပစ္စည်းနဲ့ အာဟာရအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အစားအစာတွေ ပါဝင်ပါတယ်။

ဒီကုန်စည်အမျိုးအစား ၁၈ အုပ်စုမှာ မပါဝင်တဲ့ ကုန်စည်တွေကို ထုတ်လုပ်၊ တင်ပို့မယ့် လုပ်ငန်းရှင်တွေ အနေနဲ့ကတော့ တရုတ်နိုင်ငံရဲ့ ပြတင်းတပေါက် အစီအစဉ်မှာ တင်ပို့ခွင့် လျှောက်ထားရမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013