DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် နာရေးကူညီမှုအသင်း အဖွဲ့ဝင် ၁ ဦးကို စစ်တပ်ကဖမ်းဆီး
DVB
·
October 7, 2022
မြောက်ဦးတွင် နာရေးကူညီမှုအသင်း အဖွဲ့ဝင် ၁ ဦးကို စစ်တပ်ကဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ အောက်တိုဘာ ၆ ရက် မနက်ပိုင်းက ရတနာပါလ နာရေးကူညီမှုဖောင်ဒေးရှင်းက အဖွဲ့ဝင်တယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

မြောက်ဦးမြို့ ရတနာပါလ နာရေးကူညီမှုဖောင်ဒေးရှင်း အဖွဲ့ဝင်တယောက်လည်းဖြစ် ကားအသင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမောင်ကျော်ညွန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၆ ရက် မနက် ၆ နာရီလောက်မှာ လက်ကောက်စျေးရပ်ကွက်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ မြောက်ဦးမြို့ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဦးမောင်ကျော်ညွန့်ကို ဘာကြောင့်ဖမ်းတယ် ဆိုတာတော့ မသိရသေးဘူး။ သူ့ကို စစ်ကောင်စီတပ်သားတွေ လာဖမ်းတာဆိုတော့ စစ်ကောင်စီတပ်ရင်းတခုခုမှာ စစ်ကြောရေး လုပ်နိုင်တယ်။ ကျနော်တို့အနေနဲ့ကတော့ စစ်(...)တွေနှိပ်စက်တာ မခံရဖို့ဘဲ ဆုတောင်းနေမိတယ်။”

ဦးမောင်ကျော်ညွန့်ဟာ အသက် ၅၀ အရွယ်ဖြစ်ပြီး မြောက်ဦးမြို့မစျေးမှာ ကုန်စုံဆိုင် ဖွင့်လှစ်ထားကာ လူမှုရေး ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွဦးဆောင်ပြီး လုပ်ကိုင်ပေးနေသူ တယောက်လည်း ဖြစ်ပါတယ်။

အခုလပိုင်းတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပရဟိတသမားတွေ၊ အေအေနဲ့ နီးစပ်သူတွေ၊ သတင်းထောက်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ ပြုလုပ်နေသလို အပြစ်မဲ့ပြည်သူတွေကိုလည်း ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အခုနှစ် သြဂုတ်လကစတင်ကာ တကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဧည့်စာရင်း စစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013