
မကွေးတိုင်း မြိုင်မြို့ နဲ့ ပခုက္ကူမြို့နယ်အစပ် ကန်တော်ရွာနဲ့ ကန်မရွာကြားမှာ စစ်ဆေးရေး လုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းက ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ပျူစောထီး နှစ်ယောက် ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
အောက်တိုဘာ ၆ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က ကန်တော်ရွာနဲ့ကန်မရွာကြားမှာ စစ်ကောင်စီတပ်သား ၈ ယောက် စစ်ဆေးရေး လုပ်နေချိန်မှာ ဒရုန်း နဲ့ လက်လုပ်အီနာဂါ သုံးလုံး ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက "သူတို့က အဲဒီနေရာမှာ မကြာခဏ စစ်ဆေးရေးလုပ်တယ်ဆိုလို့ သွားရောက်ပစ်ခတ်ခဲ့တာပါ။ သူတို့ ကားပေါ်ကျတော့ ပျူစောထီးနှစ်ယောက် ထိခိုက် ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်" လို့ ပြောပါတယ်။
တိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ က ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့ နေရာကနေ ရှောင်ကြဥ်သွားဖို့ သတိပေးထားပါတယ်။