DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပွဲ ဂန့်ဂေါနှင့်မဘိမ်းမြို့နယ်တို့တွင် ကျင်းပ
DVB
·
October 7, 2022
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပွဲ ဂန့်ဂေါနှင့်မဘိမ်းမြို့နယ်တို့တွင် ကျင်းပ
Donate to DVB

၅၅ ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွေကို မကွေးတိုင်း ဂန့်ဂေါမြို့နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ကြားကာလ ကျောင်းသား/ကျောင်းသူတွေကို ကမ္ဘာ့ဆရာများ နေ့အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ ကျင်းပပေးခဲ့တယ်လို့  ဂန့်ဂေါမြို့နယ် ယာယီပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကိုကျောင်းအဆင့်ကို အောက်တိုဘာ၁ရက်နှင့် အုပ်စုအဆင့်ကို အောက်တိုဘာ ၃ ရက်ကျင်းပပြီး ပ၊ဒု၊တရရှိသူတွေကို မြို့နယ်အဆင့်မှာ တခါတည်းစစ်ဆေးပေးလိုက်ပါတယ်။ မြို့နယ်အဆင့် ပ၊ဒု၊တ ရရှိသူတွေကို ပညာရေးဝန်ကြီးရဲ့ လက်မှတ်ပါသော ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်မှာဖြစ်ပါတယ်။ အုပ်စုအဆင့် ပ၊ဒု၊တ ရရှိသူတွေ ကိုတော့ ပညာရေးဘုတ်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်မှာဖြစ်ပါတယ်။"

ဂန့်ဂေါမြို့နယ် ကြားကာလယာယီပညာရေးကျောင်းမှာ KG မှ Grade 11 ထိ ကျောင်းသား /ကျောင်းသူ  ၁၁၈၂၈ ဦးကို CDM နဲ့ Volunteer ဆရာ/မပေါင်း ၁၂၀၉ ဦးက သင်ကြားနေပါတယ်။ 

အောက်တိုဘာ ၅ ရက်က မဘိမ်းမြို့နယ် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ထောက်ပံ့ထားတဲ့ CDM ကျောင်းမှာ  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

CDM ကျောင်းက အလယ်တန်းနဲ့ အထက်တန်းမှ ကျောင်းသားကျောင်းသူ ၄၀ ဟာ “ဆရာ နဲ့ ကျွန်တော်” ခေါင်းစဉ်ဖြင့် စာစီစာကုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ S&C မှ ကိုစိုးမိုးအောင်က ပြောပါတယ်။

မဘိမ်းမြို့ရှိ CDM ကျောင်းကို  ဇွန်လက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး  လက်ရှိအချိန်အထိ ဆရာ၊ ဆရာမ ၁၄ ဦးက ကျောင်းသားကျောင်းသူ ၁၈၀ ကို  ပညာသင်ကြားနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013