DVB Logo
Home
မြန်မာသတင်း
ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် ကျင်းပမည့်နေရာကို ဒေသခံ PDF မိုင်းဖောက်ခွဲ
DVB
·
October 7, 2022
ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် ကျင်းပမည့်နေရာကို ဒေသခံ PDF မိုင်းဖောက်ခွဲ
Donate to DVB

ထားဝယ်မှာ စစ်ကောင်စီက စီစဉ်နေတဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် ကျင်းပမယ့် နေရာမှာ အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီကျော်က မိုင်းဖောက်ခွဲခဲ့တယ်လို့  ထားဝယ်မြို့ပြပြောက်ကျား (Guerrilla Dawei) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။  

တိုင်းအဆင့်အခမ်းအနားအနေနဲ့ ထားဝယ်မြို့ တလိုင်းမရပ်၊ ကမ်းနားလမ်း သဲကွင်းမှာ အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းမှာ ထားဝယ်ရိုးရာ သပိတ်မျှော ပွဲတော်ကို ကျင်းပဖို့ရှိနေပါတယ်။

အဘက်ဘက်ကနေ ခုခံတော်လှန်စစ်ကြောင့် ထိခိုက်နေတဲ့ စစ်ကောင်စီက လူထုကို လူသားဒိုင်းသဖွယ် အသုံးချပြီး ထားဝယ်ရိုးရာသပိတ်မျှောပွဲကို လိမ်ညာ ကျင်းပဖို့ အသည်းအသန်စီစဥ်နေပါတယ်လို့ Guerrilla Dawei တာဝန်ရှိသူက ပြောပါတယ်။

"သပိတ်မျှောပွဲကျင်းပနေချိန်မှာ ဖောက်ခွဲရင် အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ အထိနာမှာ သိပေမဲ့ ပြည်သူတွေပါ အသက်အန္တရာယ် ထိခိုက်မှာ စိုးတဲ့အတွက် ကြိုတင်ဖောက်ခွဲ သတိပေး လိုက်တယ်။" 

မိုင်းပေါက်ကွဲမှုကြောင့် ဖျော်ဖြေရေးမဏ္ဍပ်ကြမ်းခင်းနဲ့ ခေါင်မိုး ထိခိုက်ပျက်စီသွားပြီး လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

သပိတ်မျှောပွဲကျင်းပမယ့် ချိန်နီးလာချိန်မှာ ပွဲတော်ကျင်းပမယ့် နေရာနားက နေအိမ်တွေကို ညတိုင်းနီးပါး ဧည့်စာရင်းစစ်နေတယ်လို့ သိရပါတယ်။

နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိတဲ့ ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် မကျင်းပဘဲ ရပ်နားထားတာ ၂ နှစ်ရှိပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013