DVB Logo
Home
Lead Story
ဟင်္သာတမြို့တွင် မီးလောင်၊ အမျိုးသမီးတဦး ဒဏ်ရာရ
DVB
·
May 1, 2014
ဟင်္သာတမြို့တွင် မီးလောင်၊ အမျိုးသမီးတဦး ဒဏ်ရာရ
1 / 7
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ညောင်ပင်ရပ်ကွက် ဓမ္မာရုံလမ်းနဲ့ တာသစ်လမ်းဆုံ ပိုက်တန်းတာ ကုန်းအနီးမှာ ဧပြီ ၃ဝ ရက် ညနေ ၃ နာရီခန့်က ဓာတ်ဆီကို ဘူးအတွင်း ခွဲထည့်စဉ် အပူရှိန်လွန်ကဲမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပြီး ဧရာရွှေဝါစက်သုံးဆီ အရောင်းဆိုင်ခွဲနဲ့ ဆေးကုသခန်းတို့  မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရသည်။

[gallery ids="55791,55792,55793,55794,55795,55796,55797"] ဖြစ်စဉ်မှာ ဧရာရွှေဝါစက်သုံးဆီ အရောင်းဆိုင်ခွဲတွင် ဒေါ်ဥမ္မာလင်း ဆိုသူက ဓာတ်ဆီကို ပုလင်းအတွင်း လောင်းထည့်စဉ် မီးလောင်ကျွမ်းမှု စတင် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မီးသတ်ယာဉ် ၄ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်  ၁၆ ဦးနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ဝ ဦး တို့နဲ့

ငြိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၁၀ မိနစ်ခန့်မှာ မီးညွန့်ကျိုးပြီး ၃ နာရီ ၁၅ မိနစ်ခန့်မှာ အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၈ သိန်းခွဲ ခန့်ရှိနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီဌာနက သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ သွပ်ကာနဲ့ ပျဉ်ခင်း ပေ ၂ဝ ပတ်လည်ရှိ ဧရာရွှေဝါ စက်သုံးဆီ အရောင်းဆိုင်ခွဲနဲ့ ဒီဇယ်ပေပါ ၃ လုံး၊ သွပ်မိုး၊ သွပ်ကာနဲ့ ပျဉ်ခင်း ၁ဝ ပေ ပတ်လည်ရှိ ဒေါက်တာ အံ့မော်ကောင်းဆေးကုသခန်းတို့ ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

ဒေါ်ဥမ္မာလင်းရဲ့ ခန္ဓာကိုယ် ဝဲဘက်ခြမ်းမှာ မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး ဟင်္သာတပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

စတင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ ဧရာရွှေဝါစက်သုံးဆီ အရောင်းဆိုင်ခွဲ ပိုင်ရှင်ဖြစ်သူ ဦးကြည်လင်း (ဘ) ဦးဘမောင်ကို (ပ)၃၅/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၈၅ နဲ့ ကို ဟင်္သာတမြို့ အမှတ် ၂ နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ရဲစခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်းဓာတ်ပုံ -  ပြည့်ဖြိုး icj (ဟင်္သာတ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013