DVB Logo
Home
မြန်မာသတင်း
ပြည်နည်းပညာတက္ကသိုလ်ကျောင်းသား ၁ ဦးကို စစ်တပ်က ဖမ်းဆီး ငွေညှစ်သတ်ဖြတ်ပြီး အလောင်းယူခိုင်း
DVB
·
October 7, 2022
ပြည်နည်းပညာတက္ကသိုလ်ကျောင်းသား ၁ ဦးကို စစ်တပ်က ဖမ်းဆီး ငွေညှစ်သတ်ဖြတ်ပြီး အလောင်းယူခိုင်း
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့ နည်းပညာတက္ကသိုလ်ကျောင်းသားတယောက်ကို PDF ထောက်ပံ့သူလို့ စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးထားကာ မိသားစုထံက ငွေကျပ် သိန်း ၄၀၀ ကျော် အဓမ္မ ငွေညှစ်ယူခဲ့ပြီး ၈ လအကြာမှာ အလောင်းလာသယ်ခိုင်းခဲ့တယ်လို့ အဆိုပါကျောင်းသားရဲ့ ဆွေမျိုးတွေထံက သိရပါတယ်။ 

ဖမ်းဆီးခံရစဉ် စစ်ကြောရေးမှာ သေဆုံးသွားသူ လူငယ်က အသက် ၂၈ နှစ်အရွယ် မောင်ကျော်ဇင်မိုး ဖြစ်ပြီး ပြည်နည်းပညာတက္ကသိုလ်၊ ဒုတိယနှစ် ကျောင်းသားဖြစ်ပါတယ်။ သူ့မိဘတွေက ဆန်စက်ပိုင်ရှင်တယောက်ဖြစ်ပြီးအခု အသတ်ခံရတဲ့သူက ဒုတိယမြောက်သားဖြစ်ပါတယ်။

မောင်ကျော်ဇင်မိုးဟာ ရန်ကုန်မြို့ကို မိဘခိုင်းတဲ့အလုပ်နဲ့သွားစဉ် PDF ထောက်ပံ့သူလို့ဆိုပြီး  စစ်ကောင်စီက ဖမ်းဆီးထားကာ အလောင်းလာသယ်ဖို့ သူ့မိဘတွေကို အကြောင်းကြားတာကြောင့် သွားရောက်သယ်ဆောင်နေတယ်လို့ တီတွတ်စံပြကျေးရွာနေသူတယောက်ကပြောပါတယ်။

သေဆုံးသူရဲ့ဆွေမျိုးတယောက်က “ဒီကလေးက ကျောင်းတွေကလည်း ပိတ်ထားတော့၊ wave တို့ K-Pay တို့နဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်တာ PDF လည်းမဟုတ်ပါဘူး။ အိမ်ကနေ ဘယ်မှလဲ ထွက်မသွားပါဘူး။ မကြာခဏ သူ့အိမ်ကိစ္စအတွက် ရန်ကုန်သွားတာတို့ဘာတို့ပဲရှိတာ။ အဲဒါလည်းတခါသွားရင်ဘာမှမကြာပါဘူး၊ အဲ့ဒါ နှစ်လပိုင်းလောက်က ရန်ကုန်မှာဗုံးကွဲတာ နေရာတော့ မမှတ်မိတော့ပါဘူး၊ အဲ့ဒိအချိန်မှာ သူကလည်း ရန်ကုန်ကိုရောက်နေတဲ့အချိန် အဲ့ဒိဗုံးကွဲတဲ့နေရာအနီးအနားကို ဧည့်စာရင်းစစ်ရင်းသူပါ ပါသွားတာ။ ဖြစ်ချင်တော့ သူက ကျောင်းပိတ်ထားတဲ့အချိန်မှာ ငွေနဲ့ စီးပွားရေးလုပ်နေသူဆိုတော့ သူ့ဖုံးထဲမှာ ငွေကအ များကြီးရှိတာရယ်။ ငွေအလွှဲအပြောင်းတွေရယ်က သူ့ကို သံသယဝင်သွားတာပေါ့။ အဲ့ဒါနဲ့ သူ့ကို လွှတ်မပေးတော့ပဲ မိဘနဲ့ဆက်သွယ်ခိုင်းတယ်။ ငွေ အလီလီတောင်းခိုင်းတယ်။ သူ့အကောင့်ထဲကငွေတွေကလည်း သူတို့ထုတ်ယူနေတာ ကုန်သလောက်ဖြစ်သွားပြီ။ ဖုန်းကသူကို စစ်ကြောရေးလုပ်နေတဲ့သူတွေလက်ထဲမှာလေ”လို့ပြောပါတယ်။

ဒါ့အပြင် အိမ်ကမိဘတွေကိုလည်း လှမ်းအကြောင်းကြားပြီး ငွေအကြိမ်ကြိမ်တောင်းခဲ့ပေမဲ့  ပြန်မလွှတ်ပေးဘူးလို့  မောင်ကျော်ဇင်မိုးရဲ့ ဆွေမျိုးဖြစ်သူက ပြောပါတယ်။

“နောက်ထပ်လည်း ခဏခဏ သူတို့ခေါ်တိုင်း ရန်ကုန်ကို ငွေထုပ်ပိုက်ပြီးသွားရတာ၊ စုစုပေါင်းသိန်း ၄၀၀ လောက်ကုန်နေပြီ။ ဟိုနေ့လွှတ်ပေးမယ်။ ဒီနေ့လွှတ်ပေးမယ်ဆိုပြီး၊ စစ်ကြောရေးက ဗိုလ်တွေတောင်းတိုင်းပေးနေရတာ။ ငွေသိန်း ၄၀၀ အပြင်ကို သွားတိုင်း ဆန်အိပ်၊ ဆီ၊ ဒေသထွက်ကုန်၊ အသီးအနှံတွေပါ ယူသွားပြီး၊ ခလေးလွှတ်ပေးမလားဆိုပြီး လုပ်ခဲ့ရတာ နောက်ဆုံးတော့ ငွေသိန်း ၄၀၀ ကျော်ပဲကုန်တယ်။ အခုတော့ အလောင်းလာယူပါတဲ့ ပြီးတော့ သူတို့က ပြောတာ ခလေးက သွေးစောင့်တက်သွားပြီး ၊(သွေးတိုးပြီး) ရုတ်တရက်သေသွားတာဆိုပြီး လှမ်းပြောတာ ကလေးက အသက် ၂၈ နှစ် ပဲရှိသေးတာ၊ ဘာသွေးတိုးရောဂါမှမရှိဘူး။ ကျောင်းသား ၊လူငယ်ဘာသာဘာ၀အသောက်အစား တောင်မရှိဘူး။ သွေးတိုးလို့သေသွားတယ်ဆိုတာက ယုတ္တိမရှိဘူး။”

တီတွတ်စံပြရွာမှာ  မောင်ကျော်ဇင်မိုး အပြင်ကို နောက်ထပ် ကျောင်းသားလူငယ်တယောက်ပါ PDF ဆိုပြီး အဖမ်းခံခဲ့ရပြီး သူ့ကိုတော့ ဘာသက်သေမှခိုင်လုံမှုမရှိပဲ၊ ပြည်အကျဉ်းထောင်တွင်း တရာရုံးက ထောင် ၁၀ နှစ် ပြီးခဲ့တဲ့အပတ်က ချလိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013