DVB Logo
Home
Lead Story
အလုပ်သမားများ ကျွမ်းကျင်မှုရှိအောင် ပြင်ဆင်ထားရန် သမ္မတ ပြောကြား
DVB
·
May 1, 2014
အလုပ်သမားများ ကျွမ်းကျင်မှုရှိအောင် ပြင်ဆင်ထားရန် သမ္မတ ပြောကြား
Donate to DVB

အာဆီယံ စီးပွားရေးအသိုက်အ၀န်းအတွက် မြန်မာအလုပ်သမားအတွေအနေနဲ့ ကျွမ်းကျင်မှု ရှိအောင် ပြင်ဆင်ထားကြဖို့ သမ္မတဦးသိန်းစိန်က ဒီနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ပြောကြားလိုက်ပါတယ်။

u thein sein၂၀၁၅ ခုနှစ် အာဆီယံဒေသတွင်း အကောင်အထည်ဖော်မယ့် စီးပွားရေး အသိုက်အ၀န်းအတွက် မြန်မာအလုပ်သမားတွေ ကြိုတင်ပြင်ဆင်ထားဖို့ အလုပ်သမားနေ့ သ၀ဏ်လွှာမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်တာပါ။

ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားကိုလည်း ထိရောက်စွာ အကူအညီပေးနိုင်ရေးနဲ့ အကာအကွယ်ပေးနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း သ၀ဏ်လွှာမှာ ရေးသားထားပါတယ်။

အစိုးရအနေနဲ့ ၂၀၁၃ ခုနှစ် အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ အလုပ်သမားများရဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013