
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၇၂ လမ်း၊ ၁၁၈ လမ်းနဲ့ ၁၁၈ A လမ်းကြားရှိ နေအိမ်တအိမ်မှာ အောက်တိုဘာ ၆ ရက် မနက် ၆ နာရီလောက်က အမျိုးသမီး ၂ ယောက် ဓားပြတိုက်ခံရပြီး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အိမ်မှာ ဆေးပစ္စည်းဆိုင်ဖွင့်ထားတာဖြစ်ပြီး ဆေးဝယ်တဲ့ပုံစံနဲ့ နေအိမ်ထဲဝင်ရောက်ကာ ဓားပြတိုက် လူသတ်သွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတချို့က ပြောပါတယ်။
အသတ်ခံရသူ အမျိုးသမီးနှစ်ယောက်ဟာ တူမနဲ့ အဒေါ်တော်စပ်သူတွေဖြစ်ပြီး ငွေတွေလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။ ဓားပြတိုက်လို့ ပါသွားတဲ့ ငွေကြေးပမာဏကိုတော့ မသိရသေးပါဘူး။
ဓားပြတိုက်ပြီး လူသတ်သွားတဲ့ ကျူးလွန်သူကို ဖမ်းဆီးရမိပြီလို့ စစ်ကောင်စီလက်အောက်ခံ ရဲအသိုင်းအဝိုင်းက သတင်းဖြန့်နေပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။