DVB Logo
Home
မြန်မာသတင်း
သာယာဝတီထောင်တွင် နိုင်ငံရေးအချုပ်သား ၂၀ ကျော် အလုပ်ကြမ်း ခိုင်းစေခံနေရ
DVB
·
October 6, 2022
သာယာဝတီထောင်တွင် နိုင်ငံရေးအချုပ်သား ၂၀ ကျော် အလုပ်ကြမ်း ခိုင်းစေခံနေရ
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ CDM ဝန်ထမ်းတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို စစ်ကောင်စီက အလုပ်ကြမ်းတွေစေခိုင်းပြီး အကြမ်းဖက် ရိုက်နှက်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအချုပ်သားတွေဟာ တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရတုန်း အဆင့်မှာပဲ အလုပ်ကြမ်းတွေ စေခိုင်းခံနေရတာ၊ အကြမ်းဖက် ရိုက်နှက်ခံနေရတာတွေဟာ အကျဉ်းထောင်ဥပဒေတွေနဲ့ ညီညွတ်မှုမရှိတဲ့အတွက် အပြင်းအထန် ကန့်ကွက်တယ်လို့ အချုပ်သားတယောက်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“အထဲကိုရောက်နေတဲ့ ကျနော့်မိသားစုဝင်ကတော့ နိုင်ငံရေးအကျဉ်းသားတွေအတွက် Speak Out လုပ်ပေးဖို့ လူကြုံမှာလိုက်တယ်။ အိမ်သာကျင်းတူးခိုင်းတာတို့၊ ထမင်းစားရတာ သောက်ရတာလည်း ဆိုးဆိုးရွားရွားကြီးကို ဆက်ဆံခံရတယ်ပေါ့ဗျာ။ အဲ့လိုမျိုးတွေ ပြောခိုင်းတယ်ဗျ။ သူ့တယောက်တည်းအတွက်တော့ မဟုတ်ဘူးပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားတွေကို ပြစ်ဒဏ်မချခင်မှာ ဒီလိုမျိုးတွေ မတရားခိုင်းစေတာတွေ အနိုင်ကျင့်တာတွေက ဘယ်လိုဥပဒေမှလည်း မရှိခဲ့ဘူးဆိုတော့လေ။ ဒါမျိုးတွေက မဖြစ်သင့်ဘူးပေါ့လေ။ သူတို့ရဲ့ စီမံအုပ်ချုပ်မှုက အရမ်းညံ့ဖျင်းတယ်ပေါ့။ အဲဒီလိုပဲ ပြောရမယ်။”

သာယာဝတီထောင်မှာ ထောင်ဝင်စာတွေ့ခွင့်ကို ထောင်အာဏာပိုင်တွေက ကန့်သတ်ထားပြီး ၂ ပတ်မှာ ၁ ကြိမ်သာ တွေ့ဆုံခွင့်ပေးမယ်လို့ စက်တင်ဘာလကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။ တွေ့ဆုံရာမှာလည်း ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိပဲ အများဆုံးတွေ့ဆုံခွင့်ရမှာဖြစ်ပြီး အကျဉ်းသားတဦးကို တလ ငွေကျပ် ၁ သိန်းထက်ပိုပြီး မိသားစုက မပေးဖို့လည်း ကန့်သတ်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုတာခံရသူ ၁၂,၅၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၅ ရက်နေ့အထိ မှတ်တမ်းတွေက ဖော်ပြပါတယ်။

မိသားစုနဲ့ အဆက်အသွယ်ပြတ်ပြီး စာရင်းပျောက်နေတဲ့လူငယ်တွေ၊ ဘယ်အကျဉ်းထောင် ဘယ်စစ်ကြောရေးကို ရောက်နေတယ်ဆိုတာ သတင်းမရတဲ့ ပြည်သူတွေလည်း အများအပြား ရှိနေခဲ့တာပါ။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို မရကြဘဲ စစ်ကောင်စီက စီမံချင်သလို စီမံပြီး တရားစွဲဆို ထောင်ချတာတွေကို ရင်ဆိုင်နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013