DVB Logo
Home
မြန်မာသတင်း
စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ဘုန်းကြီး ၁ ပါး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီး
DVB
·
October 6, 2022
စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ဘုန်းကြီး ၁ ပါး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီး
1 / 5
Donate to DVB

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာကျေးရွာကို အောက်တိုဘာ ၆ ရက် မနက် ၂ နာရီခွဲလောက်မှာ  စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်  ကျေးရွာဘုန်းကြီးကျောင်း မီးလောင်ပျက်စီးသွားသလို ကျောင်းတွင်းရှိ ဘုန်းကြီးတပါး ဦးခေါင်းမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ကောင်စီရဲ့တပ်စခန်းနဲ့ ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးတဲ့အပေါ် မကျေနပ်လို့ လာရောက်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ဘုရားတောင်တပ်စခန်း ကျတာရယ်။ ဒုတပ်ရင်းမှူးအပါအဝင် စကစက ၁၃ ယောက် သေတဲ့ကိစ္စကို မကျေနပ်လို့ဖြစ်မယ်။ ဘာပဲပြောပြော စကစက ဘုရားကျောင်းမှန်း မသိ။ ပြည်သူကို ပြည်သူလို့ မမြင်။ အကြမ်းဖက်လုပ်ရပ်က ပိုပိုဆိုးဆိုးလာတယ်။ ကျေးရွာဘုန်းကြီးကျောင်း မီးလောင်ပျက်စီးပြီး ဦးပဥ္စင်းတစ်ပါး ခေါင်းမှာ ဒဏ်ရာရသွားတယ်။ ဒေသခံပြည်တွေနဲ့နေအိမ်တွေ ထိခိုက်ပျက်စီးတာတော့ မရှိဘူး။”

စက်တင်ဘာ ၂၈ ရက်က  စစ်ကောင်စီရဲ့ ဘုရားတောင်စခန်းကုန်းကို KNLA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အတွက် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ကောင်စီတပ်က မှော်ဘီလေတပ်စခန်းကနေ တိုက်လေယာဉ် ၃  စင်းနဲ့ ဘုန်းကြီးကျောင်းဝင်းအတွင်း ဗုံးလာကြဲသွားတာဖြစ်ပြီး   အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူလူထုတွေ ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ KNU ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ စက်တင်ဘာ ၂၇ ရက် ည ၁၂ နာရီလောက်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာအခြေစိုက်စစ်ကောင်စီတပ်စခန်းကို KNLA တပ်ဖွဲ့ဝင်တွေက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အပြင် စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူမြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်ဖွဲ့တို့ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေအတွင်းကို လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာ၊ ပေါ်တာအဖြစ် အတင်းအဓမ္မခိုင်းစေတာ၊ ပြည်သူပိုင်ပစ္စည်းတွေနဲ့ တိရစ္ဆာန်တွေကို ခိုးယူစားသောက်တာ၊ နေအိမ်တွေကို ဖျက်ဆီးတာ၊ လူအခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013