DVB Logo
Home
စိုက်ပျိုးရေး/တောင်သူလယ်သမား
လယ်ယာမြေလွတ်လပ်ခွင့်နှင့် ပိုင်ဆိုင်ခွင့်အတွက် ဆောင်ရွက်မည်ဟုဆို
DVB
·
May 1, 2014
လယ်ယာမြေလွတ်လပ်ခွင့်နှင့် ပိုင်ဆိုင်ခွင့်အတွက် ဆောင်ရွက်မည်ဟုဆို
Donate to DVB

တောင်သူလယ်သမားတွေအတွက် လယ်ယာမြေလွတ်လပ်ခွင့်နဲ့ လယ်ယာမြေ ပိုင်ဆိုင်ခွင့်တွေအတွက် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချူပ်က ပြောကြားလိုက်ပါတယ်။

Farmer Conference30042014လယ်သမားတွေ စိုက်ပျိုးတဲ့ စားသောက်ကုန်တွေကိုလည်း ဘေးအန္တရာယ်ရှင်းတဲ့ စားသောက်ကုန် အာဟာရရှိတဲ့ စားသောက်ကုန်ဖြစ်ရေးအတွက် ပညာပေးသွားမယ်လို့လည်း တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး ဦးဇာနည်သွေးက ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှာ မြန်မာနိုင်ငံ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချူပ်ညီလာခံကို ဧပြီ ၂၉ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၂ ရက် ကြာ ကျင်းပခဲ့ပြီးနောက် အခုလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် စိုက်ပျိုးနည်းပညာတွေကိုလည်း ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့(အက်ဖ်အေအို) အပါအ၀င် နိုင်ငံတကာက သမဂ္ဂတွေနဲ့ စိုက်ပျိုးရေးနဲ့ ကုန်ထုတ် ကဏ္ဍဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး နည်းပညာတွေ ရယူကာ လယ်သမားတွေကို ပြန်လည် ဖြန့်ဝေပေးသွားမယ်လို့ ဆိုပါတယ်။

ဒုတိယနေ့မှာတော ဒေါက်တာ ဦးခင်မောင်ဝင်းကို ဗဟိုအလုပ်အမှုဆောင်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ပြီး လုပ်ပိုင်ခွင့်အပ်နှင်းပါတယ်။

အဲဒီညီလာခံကို တနိုင်ငံလုံး အတိုင်းအတာနဲ့ သမဂ္ဂအဖွဲ့ပေါင်း ၆၀၀ ကျော်မှ ကိုယ်စားလှယ် ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013