DVB Logo
Home
Lead Story
ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ သူရဲကောင်း သတင်းသမား ၁၀၀ တွင် ပါဝင်
DVB
·
April 30, 2014
ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ သူရဲကောင်း သတင်းသမား ၁၀၀ တွင် ပါဝင်
Donate to DVB

မေလ ၃ ရက် နေ့မှာ ကျရောက်မယ့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှုနေ့ ၂၀၁၄ ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့မီဒီယာစောင့်ကြည့်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က “သူရဲကောင်း သတင်းသမား ၁၀၀” အမည်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Ko Zaw Peအဲဒီအမည်စာရင်းထဲမှာ မြန်မာနိုင်ငံက ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ အပါအ၀င် နိုင်ငံပေါင်း ၆၅ နိုင်ငံမှ သတင်းသမားတွေ ပါဝင်ပါတယ်။

မကွေးမြို့က ဒီဗီဘီသတင်းထောက် ကိုဇော်ဖေဟာ ဂျပန်ဖောင်ဒေးရှင်းတခုက ပေးအပ်တဲ့ ပညာသင်ဆုရွေးချယ်ပုံနဲ့ ပတ်သက်လို့ သတင်းယူဖို့ ကြိုးစားရင်း ဖမ်းဆီး တရားစွဲခံခဲ့ရတာဖြစ်ပြီး ပိုင်နက်ကျူးလွန်မှု ၀တ္တရားနှောင့်ယှက်မှုတွေနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရသူလည်း ဖြစ်ပါတယ်။

သူတို့ရဲ့လုံခြုံရေး၊ သူတို့ရဲ့ဘ၀၊ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို စွန့်လွှတ်ပေးဆပ် အနစ်နာခံကြတဲ့ သတင်းသမားတွေနဲ့ ဘလော့ဂါတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုချီးမြှင့်တာ ဖြစ်တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ခရစ္စတိုဖီ ဒီလွိုင်းရားက အဲဒီထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်မှုဟာ ဖိနှိပ်ခံရသူများအတွက် အားပေးထောက်ခံမှုကို ပံ့ပိုးဖြည့်ဆည်းပေးရာမှာ ကန့်သတ်မထားသင့်ကြောင်းနဲ့ စံပြပုဂ္ဂိုလ်တွေအဖြစ် လုပ်ဆောင်နိုင်သူ များကို တန်ဖိုးမြှင့်ပေးဖို့ ရည်ရွယ်ပါတယ်လို့လဲ RSF က ဆိုပါတယ်။ သတင်းလွတ်လပ်မှုရှိတဲ့ ကမ္ဘာ့နိုင်ငံများအညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၁၄၅ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013