DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်ရှိ ပရဟိတသမားများ၏ နေအိမ်နှင့် စစ်ရှောင်စခန်းများကို စစ်တပ်က ဝင်စစ်ဆေး
DVB
·
October 5, 2022
ဘူးသီးတောင်ရှိ ပရဟိတသမားများ၏ နေအိမ်နှင့် စစ်ရှောင်စခန်းများကို စစ်တပ်က ဝင်စစ်ဆေး
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ  လူမှုရေးပရဟိတသမားတွေရဲ့ နေအိမ်တွေနဲ့ စစ်ဘေးရှောင် စခန်းတွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၄ ရက် မနက်အစောပိုင်းက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တယ်လို့  မြို့ခံတွေထံက သိရပါတယ်။

ဘူးသီးတောင်မြို့ရှိ လူမှုကူညီရေးလုပ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်း ၁၀ ယောက်လောက်ရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးခဲ့သလို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မြို့ခံ ပရဟိတသမားတစ်ဦးက “စစ်ဆေးချင်ရင် နေ့လယ် နေ့ခင်းလည်း လာစစ်လို့ရတယ်လေ။ အခုက ညသန်းခေါင်ကျော် မနက် ၂ နာရီလောက်မှာ ဝင်စစ်တာ စစ်ကား ၆ စီးလောက်ပါတယ်။ အိမ်ထောင်စုပြခိုင်းတယ်။ အိမ်ထောင်စုအတိုင်း လူတွေကို တန်းစီခိုင်းတယ်။ လူတွေနဲ့ နေအိမ်တွေကိုပါ မှတ်တမ်းဓာတ်ပုံရိုက်တယ်။ ဒါက တရားလွန်သွားပြီလေ။ သူတို့လုပ်ချင်သလို လုပ်နိုင်တယ်ဆိုတဲ့သဘော”လို့ ပြောပါတယ်။

ဒါ့အပြင် ရန်အောင်မြေ စစ်ဘေးရှောင်စခန်းနဲ့ လမ်းမကျောင်း စစ်ဘေးရှောင်စခန်း နှစ်ခုကိုလည်း သေနတ်နဲ့ ပစ်ခတ်ဝင်ရောက်စစ်ဆေးခဲ့တာလို့ စစ်ဘေးရှောင် တဦးကပြောပါတယ်။

“သူတို့က နှစ်ဖက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်သလိုမျိုး ပစ်ခတ်ပြီး ရပ်ကွက်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကိုဝင်လာကြတာ။ အေအေတပ်ဖွဲ့ဝင်တွေ ခိုလှုံနေတယ်ဆို ပြန်ပစ်မလားပေါ့။ အဲဒီလို စမ်းသပ် စစ်ဆင်ရေးတွေ မြို့ပေါ်နဲ့ စစ်ဘေးရှောင်တွေကို ပြုလုပ်နေတာ။”

စစ်ကောင်စီတပ်တွေဟာ ဗျူဟာပြောင်းပြီး တောတွင်း တိုက်ပွဲတွေထက် မြို့ပေါ်မှာ အေအေ တပ်ဖွဲ့ဝင်တွေ ခြေရာဖျောက်ခိုလှုံနေတယ်လို့ ယူဆရတဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ဝင်ရောက်ရှာဖွေနေတာလို့ ဒေသခံ စစ်ရေးလေ့လာသူတဦးက သုံးသပ်ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013