DVB Logo
Home
မြန်မာသတင်း
ရခိုင်ရဲ့ ဆင်းရဲမွဲတေမှု ကလေးတွေအပေါ် သက်ရောက်
DVB
·
April 30, 2014
ရခိုင်ရဲ့ ဆင်းရဲမွဲတေမှု ကလေးတွေအပေါ် သက်ရောက်
Donate to DVB

ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှု အခြေအနေ မြင့်မားမှုက ကလေးတွေအပေါ်ကို သက်ရောက်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) မြန်မာရုံးခွဲက ပြောပါတယ်။

ရခိုင်ပြည်နယ်က အိမ်ထောင်စုတွေရဲ့ ၄၂ ရာခိုင်နှုန်းဟာ ကောင်းမွန်တဲ့ ရေ အရင်းအမြစ်ကို မရရှိသလို ရခိုင်မှာ ကလေးတွေရဲ့ ၀မ်းပျက်ဝမ်းလျော ဖြစ်ပွားမှုက ၈ ရာခိုင်နှုန်း အထိရှိနေတယ်လို့လည်း ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ ယူနီဆက်ထုတ်ပြန်ချက်မှာ ရေးပါတယ်။

Rakhineမြန်မာပြည်က သာမန်ကလေးတွေထက် ရခိုင်ပြည်နယ်က ကလေးတွေက အာဟာရ ပိုချို့တဲ့သလို ကလေး ၅၀ ရာခိုင်နှုန်းလောက်ဟာ ကြီးထွားနှုန်း တန့်နေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်က မိလ္လာစနစ်ဟာ အဆိုးဝါးဆုံး ဖြစ်နေပြီး အိမ်ထောင်စု ၅၂ ရာခိုင်နှုန်းဟာ တိုးတက်တဲ့ မိလ္လာစနစ်ကို မရသလို ၄၁ ရာခိုင်နှုန်းက မစင်ကို အပြင်မှာပဲ စွန့်နေတယ်လို့ ရေးပါတယ်။

ရခိုင်မှာ ကလေးသူငယ်တွေကို မူလတန်းကျောင်းအပ်တဲ့ အခြေအနေကလည်း အနိမ့်ဆုံး ဖြစ်နေပြီး ကလေး ၃၀ ရာခိုင်နှုန်းဟာ ကျောင်းမအပ်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကလေး ၇၂ ရာခိုင်နှုန်းဟာ မှတ်ပုံတင်ပေမယ့် ရခိုင်ပြည်နယ်မှာ ကလေးမွေးပြီးရင် ၆၀ ရာခိုင်နှုန်း နီးပါးဟာ မှတ်ပုံမတင်ထားတဲ့အတွက် အခြေခံအခွင့် အရေးတွေ မရနိုင်သလို တခြားလူတွေ ခေါင်းပုံဖြတ်ဖို့အတွက် အားနည်းချက်တခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ချိတ်ဆက်ခြင်းမရှိဘဲ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ကလေးတွေရဲ့ ပညာရေး၊ အာဟာရအခြေအနေ၊ ကလေးတွေကို အကာအကွယ် ပေးမှု တိုးတက်မှု၊ ဆုတ်ယုတ်မှုအခြေအနေနဲ့ ပတ်သက်ပြီး ယူနီဆက် (မြန်မာ)က သတင်းစာ ရှင်းလင်းပွဲကို ဧပြီ ၃၀ ရက်နေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လူသားချင်းစာနာမှု လုပ်ငန်းတွေအပေါ် သက်ရောက်နေတဲ့ သွားလာခွင့်နဲ့ အခွင့်အလမ်း အပေါ်မှာ လက်ရှိအခြေအနေက မူတည်နေသလို ဒုက္ခသည်စခန်းတွေနဲ့ ထွက်ပြေးနေရတဲ့ ကလေးတွေအတွက် ပိုအန္တရာယ်ရှိနေတယ်လို့ ယူနီဆက်ရဲ့ မြန်မာပြည်ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာဘက်ထရန် ဗိန်းဘဲ(လ်) က ပြောပါတယ်။

“မြန်မာအနောက်ပိုင်းပြည်နယ်မှာ နေတဲ့ကလေးတွေရဲ့ အာဟာရ အပြည့်အ၀ မရတဲ့နှုန်းဟာ လည်း မြင့်မားနေသလို ဒီလို ရေရှည်အခြေအနေကို ပြင်ဆင်ဖို့ ဘာတွေ လုပ်သွားရမလဲဆိုတာကို ကျနော်တို့ ကြိုးစား စောင့်ကြည့်နေပါတယ်။”

ဒါအပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို အာရုံစိုက်သွားမှာ ဖြစ်သလို ရခိုင်က မြန်မာနိုင်ငံက အဆင်းရဲဆုံးပြည်နယ် ၂ ခုထဲက တခု ဖြစ်နေတာကလည်း ယူနီဆက်က ရထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီနေတယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ချင်းပြည်နယ်ပြီးတဲ့နောက် တိုးတက်မှု အနည်းဆုံးဖြစ်တဲ့ ပြည်နယ်တခု အဖြစ် သတ်မှတ်ထားခြင်းခံရပါတယ်။

၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ အဓိကရုဏ်းတွေ ဖြစ်ပြီးတဲ့နောက် ပြည်နယ်ရဲ့ လူမှု စီးပွားရေး အခြေအနေဟာလည်း ပိုယိုယွင်းသွားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013