
အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ အောက်တိုဘာ ၁ ရက်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ နှစ်ယောက်ကို ရူပီးငွေ သိန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ထံက သိရပါတယ်။
မဏိပူရ်ပြည်နယ်သား တယောက်နဲ့ မြန်မာနိုင်ငံသားတယောက်ကို အလေးချိန် ၂၄၈ ဒသမ ၃၆ ဂရမ်ရှိတဲ့ ဘိန်းဖြူတွေနဲ့အတူ အိုင်ဇောလ်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံတကာပေါက်ဈေးအရ ရူပီးငွေ ၁၂၄ သိန်းတန်ဖိုး ရှိတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ မဏိပူရ်ပြည်နယ် နယူးလမ်ကားမြို့နေ ထန်းဇမွန်နဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ ဒါရ်းခိုင်ကျေးရွာနေ လျန်လမ်းခိုတို့ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဘိန်းဖြူတွေနဲ့အတူ ဖမ်းဆီးခံရသူတွေကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ နိုင်ငံခြားသားအမှုတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတာကြောင့် နေ့စဉ် နေရာအနှံ့အပြား မူးယစ်ဆေးဝါးဖမ်းဆီးရမှု မြင့်တက်လာပြီး ဖမ်းဆီခံရတဲ့အထဲမှာ မြန်မာနိုင်ငံသားအများစုလည်း ပါဝင်နေပါတယ်။
အဆိုပါမီဇိုရမ်ပြည်နယ်မှာ တိုက်ပွဲတွေနှင့် စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုကြောင့် စစ်ဘေးတိမ်းရှောင်နေကြတဲ့ မြန်မာနိုင်ငံသာ လေးသောင်းကျော်ခိုလှုံနေပါတယ်။