
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ စက်တင်ဘာ ၃ ရက် ညပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ အမျိုးသား တယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်းထမ်းတွေက ပြောပါတယ်။
မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ကျွန်းတောရပ်ကွက်နေ အသက် ၇၄ နှစ်အရွယ် အမျိုးသား သေဆုံးခဲ့တာဖြစ်ပြီး တကျော့ပြန်ကိုဗစ်ဖြစ်ပွားချိန် ဒါပထမဆုံး သေဆုံးတာ လို့ သိရပါတယ်။
ကျန်းမာရေးဝန်ထမ်းတဦးက "ဆေးရုံမှာ ကိုဗစ်ရောဂါပိုး သံသယ ရှိတဲ့သူတွေကို မနက်ပိုင်းက စစ်ဆေးတာ။ အားလုံးပေါင်း ၁၆ ဦး စစ်ဆေးတယ်။ ၄ ဦးက ပိုးတွေ့ရတယ်။ အဲဒီအထဲကမှ အသက် ၇၄ နှစ်အရွယ် အမျိုးသားက ညပိုင်းမှာ သေဆုံးတယ် "လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကနေ အခုချိန်ထိ အတည်ပြုလူနာ ၂၉၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရတယ်။